ခ စားခွင့်ပြုပါ(BL)
အပိုင်း(၃)
ဒီနေ့တော့ ကျတော်တို့ အိမ်မှာ ညစာစားပွဲ လုပ်ကြတယ်။ကျတော်တို့ အိမ်ဆိုပေမယ့် တကယ်က ကျတော်တို့အိမ်မဟုတ်ပါဘူး။ကျတော်တို့ နေတဲ့ အားချစ်တို့ အိမ်ပါပဲ။ညစာစားပွဲ လုပ်တဲ့ အကြောင်းအရင်းကတော့ ထူးထူးထွေထွေ မဟုတ်ပါဘူး ဆေးတက္ကသိုလ် တက်တော့မည့် အားချစ်က သူ့ကျောင်းက သူငယ်ချင်းတွေကို ဖိတ်ပြီး အိမ်မှာ စားပွဲလေး လုပ်တာပါပဲ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီနေ့က ကျတော်လည်း တက္ကသိုလ်တက်ရတော့မယ်ဆိုတော့ ကျောင်းလခ ရှာတဲ့ သဘောနဲ့ အိမ်အလှဆင်တဲ့ ကုမ္ပဏီတခုမှာ အောက်ခြေကနေ အလုပ်စဝင် ခဲ့တဲ့နေ့ပါပဲ။
အဲဒီ ကုမ္ပဏီက တခြားတော့ မဟုတ်ပါဘူး။အားချစ်တို့ မိဘတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ပါပဲ။
အခုမှ အလုပ်စဝင်တဲ့ အလုပ်သမားတယောက်ဆိုတော့ တောက်တိုမယ်ရတို့၊ပင်ပန်းမယ့် အလုပ်တို့မှာ ကျတော်ကပဲ လုပ်ရတယ် ဘာညာ ကတော့ လုပ်ငန်းသဘောအရ ရှိတတ်တာပါပဲ။
ဘယ်လောက်ပဲ ပင်းပန်းပါစေ ကျတော်ကတော့ ကြိုးစားမယ်၊သင်ယူမယ် ပြီးရင် ကျတော့်ဘဝကို မြင့်သည်ထက် မြင်အောင်လုပ်ပြီးရင် ကျတော် ချစ်ရသည့် လူသားလေး အားချစ်ကို ပိုင်ဆိုင်ခွင့် ရချင်မိတာပါပဲ။
ကျတော် ဘယ်ကိုသွားသွား၊ဘာကိုပဲ လုပ်လုပ် ကျတော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်က အားချစ်ပဲ ဖြစ်နေတာကို ကျတော့်ကိုယ် ကျတော်လည်း ထူးဆန်းတယ်လို့ ခံစားရတာပါပဲ။
ပြီးတော့
အားချစ်က ကျတော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်လည်း ဖြစ်သည့် အပြင် ကျတော့်ရဲ့ ပျော်ရွှင်မှုလည်း ဖြစ်နေပြန်ပါသည်လေ။အလုပ်ကနေ ကျတော် အိမ်ကို ပြန်ရောက်လာတော့ ညစာ စားပွဲ အတွက် အဖွားရော ၊မမဝါဝါတို့ရော တအိမ်လုံး အလုပ်တွေ ရှုပ်နေကြတာပါပဲ။
ကျတော်လည်း ကမန်းကတန်းရေချိုးကာ အဝတ်အစား လဲဝတ်ပြီး
အားချစ်၏ အခန်းဆီသို့ ပြေးထွက်လာခဲ့လေသည်။"ဒေါက် ဒေါက်"
တံခါးကို ခေါက်ကာ အသံပေးလိုက်သည်။
YOU ARE READING
ခ,စားခွင့်ပြုပါ ( Complete)
Romansa"ဒယ်ဒီ သိထားရမှာက ဒယ်ဒီ့မှာ ခင်ခင်ရယ်၊ဖေကြီးရယ် အပြင် ဒီအိမ်နဲ့ ဒီခြံကြီးပါ ရှိပါသေးတယ် ဆိုတာပဲ အဲဒါကြောင့် နောက်ကို အလုပ်လုပ်ရင် ရဲရဲဝံ့ဝံ့ နဲ့သာ လုပ် ဘာမှ စိတ်ဖိစီးမှု များမနေနဲ့။ ဒယ်ဒီ က ကျောထောက်နောက်ခံ မရှိတဲ့ သူ မဟုတ်ဘူး" မင်းလွင်ထူး "ဒယ်ဒီ သ...