ခ စားခွင့်ပြုပါ..(BL)
အပိုင်း(၂)
ဒီနေ့တော့ ရပ်ကွက်ထဲက မူလတန်းကျောင်းလေးမှာ ကျတော်က ကျောင်း စ တက်ရပါသည်။ အဖွားနှင့် အတူတူ ကျောင်းကို လမ်းေလျှာက်သွားေနစဉ်၌ပင် အားချစ်ရော ဘယ်ကျောင်းမှာ တက်တာပါလိမ့်လို့ တွေးေနမိသည်။"ကျောင်းမှာ လိမ်လိမ် မာမာ နေရမယ်နော် မြေး။သူငယ်ချင်းတွေနဲ့ ရန်မဖြစ်နဲ့၊သူငယ်ချင်းတွေက အနိုင်ကျင့်ရင်လည်း ဆရာမ ကို ပြောပြနော်။
မတည့်တာတွေလည်း ဝယ်မစားနဲ့။
ဆရာ၊ဆရာမ စကားကိုလည်း နားထောင် ကြားလား"?"ဗျာ"
"တယ် ဒီကောင်လေး အဖွားပြောနေတာတော့ နားမထောင်ဘူး။ဘာတွေ စဉ်းစားနေတာလဲ"?
"ဟို ဟာ ။ကြား ...ကြားပါတယ် ဖွားရဲ့။
ဟုတ်ကဲ့ ။ဟုတ်ကဲ့ ""အွန်း"
အဖွားက စိတ်မရှည်တော့သလို နှင့် ကျတော့်ကို ကြိမ်းနေပြန်သည်။
ကျတော်ကတော့ မနက်က ကျတော် ကျောင်းသို့ ထွက်မလာခင် ကားပေါ်ကို ဝတ်စုံ စမတ်ကျကျလေး ဝတ်ဆင်ကာကျောပိုးအိတ်လေး လွယ်ပြီး တက်သွားသည့် အားချစ်၏ ပုံစံ လှလှလေးကိုသာ မျက်စိထဲ၌ တဝဲလည်လည် မြင်ယောင်နေမိသည်။
ဖွား ကိုလည်း အားချစ်၏ အကြောင်းကို မမေးရဲချေ။ညကပင် အားချစ်က ဘယ်ကျောင်းမှာ တက်တာလဲ ဟင် ဖွား ?လို့ မေးမိလို့ သူဌေးတွေကို အားမကျသင့်ကြောင်း ၊ကိုယ့်ဘဝနှင့် ကိုယ် နေတတ်ရကြောင်းတွေ နားချနေလို့ အကြာကြီး နားငြီး ခဲ့ရပြီးပြီလေ။
ကျတော်က ဘာရယ်မဟုတ်ဘူး။ဒီအတိုင်းပါပဲ။သူ ဘယ်ကျောင်းမှာ ကျောင်းတက်နေတာလဲ?
သူ့ရဲ့ ကျောင်းဝတ်စုံကဘယ်လို ပုံစံလေးများလဲ?
သူ့သူငယ်ချင်းတွေက ဘယ်လို ပုံစံလဲ?
သူဘာတွေ စားသလဲ?
စာတွေ ရသလား သိချင်ရုံလောက်ပါပဲ။
အားကျတာတွေ၊အတုခိုးချင်တာတွေ လုံးဝ မဟုတ်ပါဘူး။ဖွားကတော့ ဘယ်လိုတွေးမိသည် မသိပေမယ့် ကျတော်က ကျတော် ချစ်ရသည့် အရုပ်လေးကို စိတ်ဝင်စား သလိုမျိုးသာ အားချစ်အပေါ်၌ စိတ်ဝင်စားမိခြင်း ဖြစ်ပေသည်။
ဖွားက တလမ်းလုံး ဆုံးမ၊သတိပေး စကားတွေကိုသာ တတွတ်တွတ်ရွတ်နေပေမယ့် ကျတော်က ကြားတချက်၊မကြားတချက်ရယ်ပါ။
ဤသို့ဖြင့်
ကျတော်တို့ နေထိုင်ရာ အိမ်ကြီး၏ မနီးမဝေးရှိ ရပ်ကွက်မူလတန်းကျောင်းလေးသို့ ရောက်လာခဲ့လေသည်။
YOU ARE READING
ခ,စားခွင့်ပြုပါ ( Complete)
Roman d'amour"ဒယ်ဒီ သိထားရမှာက ဒယ်ဒီ့မှာ ခင်ခင်ရယ်၊ဖေကြီးရယ် အပြင် ဒီအိမ်နဲ့ ဒီခြံကြီးပါ ရှိပါသေးတယ် ဆိုတာပဲ အဲဒါကြောင့် နောက်ကို အလုပ်လုပ်ရင် ရဲရဲဝံ့ဝံ့ နဲ့သာ လုပ် ဘာမှ စိတ်ဖိစီးမှု များမနေနဲ့။ ဒယ်ဒီ က ကျောထောက်နောက်ခံ မရှိတဲ့ သူ မဟုတ်ဘူး" မင်းလွင်ထူး "ဒယ်ဒီ သ...