ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၃၁)
အားချစ်တို့ အိမ်ကိုရောက်တော့ အိမ်မှာ ပါတီပွဲ အတွက် ပြင်ဆင်နေတာတွေကို မြင်လိုက်ရသည်။သမီးက ကားပေါ်ကနေ သူ့အဘွားဆီပြေးဆင်းသွားနှင့်ပြီ။ကားပေါ်က မဆင်းရသေးတာဆိုလို့ ကျတော်နှင့် အားချစ်ပဲ ကျန်ရစ်ခဲ့သည်။
"အိမ်မှာ ဘာပွဲ ရှိတာလဲ"?
ကျတော်ကမေးတာကို အားချစ်ကလည်း ကျတော့်ကို ပြန်ကြည့်သည်။
"ဘာပွဲ ရှိတာလဲ
ငါလည်း မသိဘူးလေကွာ"ဘုမသိ၊ဘမသိနှင့် တယောက်မျက်နှာ တယောက်ကြည့်ကာ နှစ်ယောက်လုံး ယောင်ချာချာနှင့် ကားပေါ်က ဆင်းလိုက်ကြသည်။
ဧည့်ခန်းထဲကို ရောက်တော့ အားချစ်၏ ဖေဖေက ထိုင်နေသည်။
သူ့လက်ထောက်နှင့် စာရင်းတွေ တိုက်နေတာကို မြင်လိုက်ရသည်။"ဟော သားတို့တောင် ရောက်လာကြပြီ။
အတော်ပဲ။
ဪ သား မင်းလွင်ထူးရေ သားကိုပဲ အကူအညီတောင်းရတော့မယ်။""ဟုတ်ကဲ့ ပြောပါ ဦး"
"သား သူငယ်ချင်းအားချစ်ရဲ့ ပွဲ။
သူ မန်နေးဂျင်း ဒါရိုက်တာ လုပ်ပြီးကတည်းက ပွဲရယ်လို့ အိမ်မှာ မလုပ်ရသေးဘူး။
အဲဒါ အခု ပြင်ဆင်နေတာ။
ညကျ အိမ်မှာ ပါတီပေးမယ်။
အဲဒါ သားက ကုမ္ပဏီမှာ လုပ်တုန်းက အတွေ့အကြုံရှိတာဆိုတော့ သားကိုပဲ ပုံအပ်လိုက်တော့မယ်။
လှလှပပ
သားသားနားနား လေးလည်းဖြစ်။
အေးအေးဆေးဆေး သီးသန့်လေးလည်း ဖြစ်အောင် ပြင်ပေးကွာ။""ဟုတ်ကဲ့ ဦး"
"သားကိုတော့ ကြိုမပြောဘူး
ဖေဖေရာ""သားက အခုသိပြီဆိုတော့ စကားတွေဘာတွေ တက်ပြောရအောင် စာစီထားပေတော့။
ဖေဖေက လုပ်ပေးချင်နေတာကြာပြီ။
သား ဘွားဘွား နေမကောင်းနေတာနဲ့ နောက်ဆုတ်ထားတာ""အခုရော အဘွာ း အခြေအနေ ဘယ်လိုလဲ"?
"လူကြီးကောင်းလေးတော့
ကောင်းတာပေါ့ကွာ။
သွားကြည့်လိုက်အုန်း။
တော်ကြာ သူ့ကို လာမကြည့်ပါဘ ူး ဆိုပြီး မင်းကို စိတ်ကောက်နေလိမ့်မယ်"
YOU ARE READING
ခ,စားခွင့်ပြုပါ ( Complete)
Storie d'amore"ဒယ်ဒီ သိထားရမှာက ဒယ်ဒီ့မှာ ခင်ခင်ရယ်၊ဖေကြီးရယ် အပြင် ဒီအိမ်နဲ့ ဒီခြံကြီးပါ ရှိပါသေးတယ် ဆိုတာပဲ အဲဒါကြောင့် နောက်ကို အလုပ်လုပ်ရင် ရဲရဲဝံ့ဝံ့ နဲ့သာ လုပ် ဘာမှ စိတ်ဖိစီးမှု များမနေနဲ့။ ဒယ်ဒီ က ကျောထောက်နောက်ခံ မရှိတဲ့ သူ မဟုတ်ဘူး" မင်းလွင်ထူး "ဒယ်ဒီ သ...