ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၁၂)
ခုနေတော့ အားချစ်က ကျတော်လက်ဖက်သုပ်၊ သုပ်ရာမှာ လာမရှုပ်အားပေ။
ဒီနေ့တော့ အိမ်က ရေခဲသေတ္တာ ကြီးထဲမှာ ခရမ်းချဉ်သီ း အနီရောင်လေးတွေကိုသာ တွေ့သည်။ကျတော်လည်း ခရမ်းချဉ်သီး အနီရောင်လေးတွေနဲ့ ပဲ လက်ဖက်သုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ရေစင်အောင် ဆေးထားသည့် လက်ဖက်ညွန့်လေးတွေကို ထောင်းနေရင်း ကျတော် ပြုံးနေမိသည်။
ကြက်သွန်ဖြူ အခွံခွာနေရင်းလည်း ပြုံးနေမိသည်။ရေစင်အောင်ဆေးထားသည့် ခရမ်းချဉ်သီးလေးတွေကို ပါးပါးလေး လှီးနေရင်းကလည်း ပြုံးနေမိသည်။
ကုန်ကုန်ပြောရရင် ကျတော်က တလျှောက်လုံး ပြုံးနေမိတာပါပဲ။ဒီနေ့ ချစ်ရတဲ့ ကောင်လေးကို အမောပြေအောင် ချီပွေ့ ပေးခဲ့ရသည်ပင်လျှင် ကျတော့်အတွက် ကြည်နူးစရာ၊
ပီတိဖြစ်စရာ၊
ပျော်စရာ၊
ဂုဏ်ယူစရာ
ဖြစ်နေလေသည်။အဲဒီကောင်လေးကို ကာကွယ်ပေးနိုင်ချင်သည်။စောင့်ရှောက်ပေးနိုင်ချင်သည်။
ပျော်အောင် ဖန်တီးပေးနိုင်ချင်သည်။
သူ့အပါး မှာ ထာဝရ ခ,စားခွင့် ရှိနေချင်သည်။သို့သော် သူနှင့်ကျတော်က လက်ရှိဘဝမှာ အဆင့်အတန်းချင်း မိုးနဲ့မြေလောက် ဝေးကွာနေသည်။ပကာသန ဂုဏ်တံတိုင်းကြီးက ခြားနားနေသည်။
ယခုအခြေအနေ နှင့်သာ ကျတော့်လိုလူက အားချစ်နှင့် တွဲကြည့်ပါ့လား?။ကျတော် ပထမဆုံး ရင်ဆိုင်ရမှာ ပတ်ဝန်းကျင်ဖြစ်ပြီး၊ဒုတိယမြောက် ရင်ဆိုင်ရမှာ အားချစ် သိပ်ချစ်သည့် သူ့အဖွား ဖြစ်မည်။
ပြီးရင်
နောက်ဆုံးရင်ဆိုင်ရမှာက အခုအချိန်အထိ ကျတော့်အပေါ် ကောင်းလာပေးခဲ့ကြသော အားချစ်၏ မိဘတွေပင် ဖြစ်လိမ့်မည်။အားချစ်ကရော......?။
ကျတော့်အပေါ်မှာ သူ သံယောဇဉ် ရှိတာကိုတော့ ကျတော်သိသည်။ပြီးတော့ အားချစ်မှာ ငွေကြေးနဲ့ တိုင်းတာပြီး လူတွေကို အဆင့်အတန်းခွဲခြားတတ်သည့် စိတ်မရှိပေ။သို့သော် သူ့မိသားစု ကို ဆန့်ကျင်ပြီးတော့ရော ကျတော့်ကို လက်ခံပေးပါ့မလား? စိုးရိမ်ရသည်။
YOU ARE READING
ခ,စားခွင့်ပြုပါ ( Complete)
Romance"ဒယ်ဒီ သိထားရမှာက ဒယ်ဒီ့မှာ ခင်ခင်ရယ်၊ဖေကြီးရယ် အပြင် ဒီအိမ်နဲ့ ဒီခြံကြီးပါ ရှိပါသေးတယ် ဆိုတာပဲ အဲဒါကြောင့် နောက်ကို အလုပ်လုပ်ရင် ရဲရဲဝံ့ဝံ့ နဲ့သာ လုပ် ဘာမှ စိတ်ဖိစီးမှု များမနေနဲ့။ ဒယ်ဒီ က ကျောထောက်နောက်ခံ မရှိတဲ့ သူ မဟုတ်ဘူး" မင်းလွင်ထူး "ဒယ်ဒီ သ...