part (05)

3.3K 123 0
                                    

ခ,စားခွင့် ပြုပါ။(BL)
အပိုင်း(၅)
ကိုယ်ချစ်နေရသူလေးက အခုထိ ချစ်ရမယ့် သူ မရှိသေးပါဘူး လို့ ပြောတဲ့ စကား တခွန်းကြောင့် တညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။

အိပ်ရာက နိုးနိုးချင်း ကျတော့်ရဲ့ နံနက်ခင်းလေးက အရမ်းကို သာယာ လှပနေခဲ့တာပေါ့။

ပြုံးပြုံးကြီးနဲ့ အိပ်ရာက ထလာရတဲ့ နေ့ရက်မျိုး ဘယ်သူ ကြုံဖူးလဲ?
ကျတော်ကတော့ အခု အိပ်ရာက နိုးနိုး ချင်း ပြံးပြုံးကြီးနဲ့ အိပ်ရာက ထဖြစ်တယ်ဗျ။

ဒါနဲ့ ကျတော်လည်း အိပ်ရာထဲကနေ ခုန်ပေါက်ပြီး ထွက်လာမိသည်။
ပြတင်းတံခါးဝမှာ သွားရပ်ပြီး မှန်ပြတင်းရဲ့ အပြင်ဘက်က ပန်းခြုံလေးတွေကို ငေးမောကာ ကြည့်နေမိသည်။

"သူ မမြင်နိုင်တဲ့ ကိုယ့် အချစ်ကို ဖုံးကွယ်ရန် ခက်လို့........."

သီချင်းလေးလည်း ညည်းလိုက်မိသေးသည်။

"ဟေး ငါ ဒီအိမ်ကို ရောက်ခါစကလည်း မင်းတို့က ဒီ အရပ်ပဲ။
အခု ငါကသာ ကြီးလာတယ်။
မင်းတို့က ဒီအတိုင်းလေးပဲနော်"

လို့လည်း ကျတော် ဒီအိမ်ကို ရောက်ကာစ က ညဘက် ဝင်ပုန်းခဲ့တဲ့ ပန်းပင်ပုပု လေးတွေကိုပါ ဖမ်းနှိမ်လိုက်မိသေးတာရယ်။

တကယ်ဆို
ကျတော် ‌့ကောင်လေးကို မပိုင်သေးပါဘူး။ပိုင်ဖို့ နေနေသာသာ ဆိုင်တောင် မဆိုင်သေးပဲ သူ့မှာ ချစ်ရမည့်သူ မရှိသေးဘူး ဆိုတာလေးနဲ့တင် ကျတော့်မှာ လွတ်နေအောင်ကို အူမြူးနေမိသည်။

တယောက်တည်း ရယ်လိုက်၊ပြုံးလိုက်။
တယောက်တည်း သီချင်းတွေဆိုလိုက်၊
တယောက်တည်း ပန်းပင်တွေကို နှိမ်လိုက်နှင့် အတော်ကို ဟုတ်နေလေသည်။

"မြေးရေ......."

"ဗျာ"

"လာ ထွက်လာခဲ့တော့။ မနက်စာ စား၊ အလုပ်သွားရတော့မယ် မဟုတ်လား"?

"ဟုတ်ကဲ့ပါ အဖွား"

အဖွားကိုသာ" ဟုတ်ကဲ့ပါ" လို့ ဖြေလိုက်ရသည်။အစောက ပျော်ရွှင်မြူးထူးနေ
သည့် စိတ်လေးပင် ပျောက်သွားရသည်။

ကျတော့် အလုပ်ချိန်က မနက် (၈)နာရီကို အရောက်သွားရတာ ဆိုတော့ လမ်းမှာ လိုင်းကား စီးတာနှင့် ဘာနှင့် ဆိုတော့ စောထွက်ရသည်။
ခန်းမှန်းချေ မနက် (၇)နာရီ ဆယ့်ငါးမိနစ်လောက်ဆို အိမ်က ထွက်လာရသည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now