part (22)

2.3K 112 4
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၂၂)
ကျတော့် အဖွားရဲ့ အသုဘ ကိစ္စ အဝဝ ကို အားချစ်တို့ ဖေဖေနဲ့ မေမေကပဲ ဦးစီးပြီး သူတို့ အိမ်မှာ ပြုလုပ်ပေးခဲ့တယ်။

အဖွား ကိုလိုက်ပို့ပြီးတဲ့ ညမှာတောင် သတိရလွန်းလို့ အဖွား အခန်းလေးကို ဖွင့်ကြည့်ပြီး အခန်းပေါက်ဝ မှာပဲ ကြူကြူပါအောင် ထိုင်ငို နေမိခဲ့တယ်။

အဖွားရဲ့ အဝတ်အစားလေးတွေ၊အဖွား ရဲ့ အသုံးအဆောင်လေးတွေ၊အဖွားရဲ့ ဖိနပ်ကလေးတွေ က အစ အကုန်လုံးဟာ လွမ်းစရာ ဖြစ်နေခဲ့သည်။

"အဖွားရယ်။မြေး ပေးထားတဲ့ ပိုက်ဆံတွေကိုလည်း မသုံးပဲ စုထားခဲ့တာလား?
စုထားမယ့် အစား သုံးလိုက်၊စားလိုက်ပြီး အသက်ရှည်အောင် နေလိုက်ပါတော့ပါတော့လား?
မြေးမှာ အဖွားတယောက်ပဲ ရှိတာကိုဗျာ"

အဖွားရဲ့ ဗီရို ပုပြတ်ပြတ်လေးထဲမှာ စုဗူးနှင့် စုဆောင်းထားသည့် ပိုက်ဆံလေးတွေ ကို မြင်တော့ ရင်ထဲ လှိုက်ကနဲ ဝမ်းနည်းသွားသည်။

အဖွားရဲ့ ကျတော့်အပေါ် ထားသည့် ချစ်ခြင်းမေတ္တာ နှင့် စေတနာ တို့ကိုလည်း ပိုပြီး သိနားလည် လာရသည်။

တယောက်တည်း တိတ်တိတ်လေး ငိုကြွေး ပြီး အဖွားရဲ့ ပစ္စည်းလေးတွေကို သိမ်းဆည်းပေးကာ ကျတော့်ရဲ့ အခန်းဆီသို့ ရွှေ့ပြောင်းပေးထားလိုက်သည်။

ဒီအိမ်ကြီးမှာ အိမ်တော်ထိန်း တယောက်မဟုတ် တယောက်ကတော့
ရှိနေမှ ဖြစ်မှာဆိုတော့ နောက်ထပ် အသစ်ရောက်လာမည့် အိမ်တော်ထိန်း နေဖို့ အလိုက်တသိ ရှင်းလင်း ပေးထားရမည် မဟုတ်လား?။

အဖွားရဲ့ ရက်လည် ဆွမ်းသွပ်မည့် ကိစ္စ မပြီးမချင်းတော့ ဒီအိမ်မှာ နေလို့ ရဦးမည် ။ပြီးရင်တော့ အဖွားရဲ့ ပစ္စည်းလေးတွေ ၊အဝတ်အစားလေးတွေ၊အသုံးအဆောင်လေးတွေကို လိုချင်သူ ရှိရင် ပေးပစ်ရမည် တေးထားလိုက်သည်။

"တူ တူ တူ"

ဖုန်းသံကြားရသည်။ကျတော် မျှော်လင့်ထားသည့် အတိုင်း အားချစ်ဆီက ဖြစ်သည်။

ဤ ကမ္ဘာ၌ ကျတော်ချစ်ခင်ရသည့် လူသား နှစ်ဦး ရှိသည့် အနက် တဦးကတော့ ကျတော့်ကို ထားရစ်ခဲ့ပြီ။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now