part (35)

6.2K 142 9
                                    

ခ,စားခွင့်ပြုပါ(BL Fic)
အပိုင်း(၃၅)ဇာတ်သိမ်းပိုင်း
နောက်တနေ့၌ ကျတော်က နည်းပညာ ဌာန ကို ‌ေြကာ်ငြာ ချက် တခု ထုတ်လိုက်သည်။
ပစ္စည်းသစ် ထုတ်မည့် နည်းပညာသည် မပြည့်စုံသေးတာကြောင့် ပိုပြီး ကျစ်လျစ်ကောင်းမွန်သည့် နည်းပညာနှင့် ပစ္စည်းသစ် ထုတ်ရန်အတွက် အရေးပေါ် အစည်းအဝေး ခေါ်လိုက်သည်။

ထို့နောက် နည်းပညာ အသစ်ဖြင့် ထပ်မံ မွမ်းမံရန် အတွက် အပိုချိန်ကြေးပေးကာ အပိုချိန် ဆင်းပြီး ကြိုးစားခိုင်းလိုက်သည်။

အဓိက,က ပစ္စည်းသစ်လည်း ထုတ်မည်ဟု ကြော်ငြာထားသောနေ့၌ ထုတ်နိုင်မည်ဖြစ်ပြီး သစ္စာဖောက်ကိုလည်း ထောင်ဖမ်းနိုင်မည် ဖြစ်သည်။

ဤသို့ဖြင့် နည်းပညာ ဌာနက ဝန်ထမ်းတွေ နေ့ရော ၊ညပါ အားစိုက်ပြီး အလုပ်လုပ်ကြသည်။
သူတို့ အတွက် မနက်စာ၊နေ့လယ်စာ၊ညစာ၊ညလယ်စာတွေပါ မှာယူ ကျွေးမွေးပစ်လိုက်သည်။

တညလုံး အလုပ်လုပ် ပြီး မနက်လင်းခါနီး၌ အားလုံး အိပ်ပျော်သွားကြသည်။
ထိုအချိန်၌ နည်းပညာဌာန၏ လက်ထောက်အဖွဲ့မှူးသည် ကွန်ပျူတာကို ဖွင့်ကာ စာရိုက်ရင်း အလုပ်ရှုပ်နေသည်။

"ဖျတ်"

ရုံးခန်းကြီး တခုလုံး လင်းထိန်သွားအောင် မီးဖွင့်လိုက်လေသည်။

လက်ထောက် အဖွဲ့မှူး အမျိုးသမီးက လန့်ဖျန့်သွားသည်။ကျတော်နှင့် ကုမ္ပဏီ စည်းကမ်းထိန်းသိမ်းရေးက လူများ ရုံးခန်းထဲသို့ ဝင်ကာ
သူမကို ဖမ်းလိုက်တော့သည်။

"ဘာလို့ ဒီလို လုပ်ရတာလဲ
လက်ထောက်အဖွဲ့မှူး"

"အမေ့ ဆေးရုံစာရိတ်အတွက် လုပ်
လုပ်ရတာပါ အတွင်းရေးမှူး
ဟို
ဟိုလေ
ကျမကို ထောင်မချပါနဲ့နော်"

"ထောင်မချ‌ချင်ပေမယ့်
ဒါက ကုမ်ပဏီပိုင် ပစ်စည်း အလွဲသုံးစား လုပ်ရာရောက်တယ်။
ပြီးတော့ တဖက် ကုမ္ပဏီကိုလည်း ကျတော်တို့ တရားစွဲမှာပါ။
ကျတော်တို့ဘက်က သက်သေ လိုက်ပေးမယ်ဆိုရင်တော့ ပြစ်ဒဏ် လျော့အောင် လုပ်ပေးမယ်"

လက်ထောက် အဖွဲ့မှူး ရဲ့ အဖြစ်ကို မကြည့်ရက်ပေမယ့် ဒီအမှုက အရေးယူမှ ဖြစ်လိမ့်မည်။မဟုတ်ရင် အုပ်ချုပ်ရေးပိုင်း ဖရိုဖရဲ ဖြစ်မှာ စိုးရသည်လေ။

You've reached the end of published parts.

⏰ Last updated: Jun 26 ⏰

Add this story to your Library to get notified about new parts!

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now