part (26)

2.3K 91 2
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၂၆)
အားချစ်က သူ ကျ ‌ေတာ့်ကို ပြောခဲ့တဲ့ အတိုင်း သူ့မိဘရဲ့ လုပ်ငန်းမှာ ဝင်ပြီး လုပ်ကိုင်နေပါပြီ။
ဒီနေ့ဆိုရင်ပဲ အားချစ်က သူ့အဖေရဲ့ နေရာကို ဝင်ယူတော့မှာ ဖြစ်သည်။
ဒီလိုဆိုတော့ ကျတော့်ကောင်လေးက ကျတော်အလုပ်လုပ်နေသည့် ကုမ္ပဏီ၏ ရာထူး အကြီးဆုံး လူဖြစ်သွားခဲ့ပြီ။

အားချစ်ရဲ့ ဖေဖေနဲ့ ‌ေမ ‌ေမ ကတော့ အိမ်မှာပဲ နေပြီး ဉက္ကဌကြီး ရာထူးကိုသာ ယူထားတော့သည်။ကုမ္ပဏီမှာ တကယ်တမ်း အခက်အခဲ ကြုံလာရင်သာ ဝင်ရောက်ဖြေရှင်းပေးတော့မှာဖြစ်သည်။ကောင်းတော့ ကောင်းပါတယ်လေ အေးအေးဆေးဆေး နားလို့ ရသွားတာပေါ့လို့ တွေးကာ ကျေနပ်ဝမ်းသာပေးနေမိသည်။

အခုပဲ အားချစ်ဟာ အစည်းအဝေး ခန်းမထဲမှာ ရှယ်ယာရှင်တွေကို မိန့်ခွန်းပြောနေလေသည်။
CCTV ကနေ တဆင့် ကျတော်တို့ ဝန်ထမ်းငယ်တွေလည်း ကြည့်လို့ ရနေသည်မို့ ကျတော်လည်း ကြည့်နေမိသည်။

ချစ်ရတဲ့ ကောင်လေးတယောက် ဒီလို ရာထူးကြီးကြီး ၊တာဝန်ကြီးကြီး ယူပြီး လုပ်ကိုင်နေတာကို မြင်ရတော့ ကျတော့်ရင်ထဲ အတိုင်းမသိ ဝမ်းသာမိသည်။

ဒီလို အစစ၊အရာရာမှာ တော်သော၊ထက်သော၊ပြည့်စုံလွန်းနေသော အားချစ်ကို ကာကွယ်စောင့်ရှောက်ချင်ခဲ့သည့် ကျတော်ကတော့ အခုထိ ဒီအတိုင်းလေးပဲ ဖြစ်နေသေးတာကို ဖျတ်ကနဲ တွေးလိုက်မိတော့ ရုတ်တရက် သိမ်ငယ်သွားသလိုလိုပင် ခံစားလိုက်ရသည်။

ဒီလိုနှင့်ပင် ကျတော်ကတော့ ခါတိုင်းလိုပင် လုပ်နေကျ အလုပ်တွေကို လုပ်နေရင်း ရုံးဆင်းချိန်သို့ ရောက်လာသည်။

"ကတောင်"

မက်ဆေ့တစောင် ဝင်လာတာမို့ ဖွင့်ဖတ်ကြည့်လိုက်တော့ အားချစ်ဆီက ဖြစ်သည်။

"အတူတူ ရုံးဆင်းကြမယ်"တဲ့လေ။
မက်ဆေ့လေးကို ဖတ်ကြည့်ရင်း ကျတော် ကြည်နူးပြီး ကျေနပ်သွားရသည်။
ဘယ်လို ပဲဖြစ်ဖြစ် ကျတော်က အားချစ်၏ အနားမှာ ကပ်နေချင်သည့် ကောင်မဟုတ်လား"?။

ရုံးခန်းလေးကနေ အပြင်ကိုထွက်လိုက်တော့ အရှေ့မှာ ရပ်ထားသည့် အားချစ်၏ ကားကို မြင်လိုက်ရလေသည်။
ကျတော် ဘာမှ မတွေးဖြစ်ပဲ ပေါ့ပေါ့ပါးပါးနှင့် ကားပေါ်သို့ တက်လိုက်သည်။
............
ကားပေါ်သို့ ရောက်ရောက်ချင်းပဲ အားချစ်က ကျတော့် ပခုံးကိုမှီလိုက်ကာ ချွဲတော့သည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now