ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၂၉)
သမီးက စက်ဘီးပုပု၊ ပြားပြား သုံးဘီးတပ်လေးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်နေပြီ။ခြံထဲမှာ သမီး စက်ဘီးစီးနေတာကို စောင့်ကြည့်ရင်း ပန်းအိုးလေးတွေကို ကျတော်က ပြင်နေသည်။ကျတော်တို့ လာမနေခင် တုန်းကတော့ ဒီအပန်းဖြေအိမ်လေးမှာ ဉယာဉ်မှူးလည်း ဟုတ်၊ခြံဝန်းကို စောင့်ရှောက်သည့် သူလည်း ဟုတ်သည့် အကိုကြီး (၁)ယောက်ရှိသည်။တလောလေးကပဲ သူ့ရွာက အမေနေမကောင်းလို့ ခွင့်ရက်ရှည် ယူသွားတာ အခုထိ ပြန်ပေါ်မလာတော့ပေ။
ဒီတော့ ကျတော်နဲ့ အားချစ် တို့တိုင်ပင်ပြီး နောက်ထပ် ဝန်ထမ်းအသစ် မငှားတော့ပဲ ခြံထဲက ပန်းပင်လေးတွေကို ကျတော်တို့ နှစ်ယောက်ပဲ နိုင်သလောက် ပြုစုပျိုးထောင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ကျတော်နှင့် အားချစ်၏ အကြောင်းကိုအခုလောလောဆယ် လူတွေ သိပ်မသိစေချင်တာလည်းပါသည်။
အားချစ်၏ မိဘတွေ ကိုလည်း အသိမပေးရသေးဘူး မဟုတ်လား"?သမီးလေးက သိပ်ကို လှပပြီး ကျန်းကျန်းမာမာနှင့် ကြီးပြင်းလာခဲ့သည်။ချစ်စရာလည်း ကောင်းသည်။
ငယ်တုန်းကလိုပဲ အမြဲတမ်း ရယ်မောနေတတ်သည့် ကလေးမလေးလည်း ဖြစ်နေဆဲရယ်ပါ။အခုလည်း ကစားဖော်မရှိပေမယ့် သူတယောက်တည်းပဲ ပျော်ပျော်ရွှင်ရွှင်နှင့် စက်ဘီးစီးနေေလသည်။
ပန်းအိုး(၃)အိုးလောက်ပြုပြင်ပြီး သွားသည်နှင့် ကျတော့် ဘောင်းဘီအိပ်ကပ်ထဲ၌ ထည့်ထားသည့် လက်စွပ်ဘူးလေးကို ထုတ်ပြီး လက်စွပ်လေးတွေကို ကြည့်မိသည်။
"သမီးလေးရဲ့ ဒယ်ဒီက ဖေဖေ့ကို လက်ထပ်ဖို့ရော စိတ်ကူး ရှိရဲ့လား မသိပါဘူးကွာ"
ဟုတ်လည်း ဟုတ်သည်။
အားချစ်ကို ကြည့်လိုက်တိုင်း နူညံ့သည်။သေးသွယ်လှပသည်။အားနည်းလိမ့်မည်ဟု ထင်လိုက်လျှင် အမှားကြီး မှားလိမ့်မည်။အားချစ်က အခုတလော စီးပွားရေးကို တကယ့် စီးပွားရေးသမားဆန်ဆန် လုပ်နေတာ ဖြစ်သည်။အလုပ်တွေကိုပဲ လုပ်နေတာမို့ ကျတော်နှင့် သမီးကိုတောင် အချိန်သိပ်မပေးနိုင်ပေ။
YOU ARE READING
ခ,စားခွင့်ပြုပါ ( Complete)
Romansa"ဒယ်ဒီ သိထားရမှာက ဒယ်ဒီ့မှာ ခင်ခင်ရယ်၊ဖေကြီးရယ် အပြင် ဒီအိမ်နဲ့ ဒီခြံကြီးပါ ရှိပါသေးတယ် ဆိုတာပဲ အဲဒါကြောင့် နောက်ကို အလုပ်လုပ်ရင် ရဲရဲဝံ့ဝံ့ နဲ့သာ လုပ် ဘာမှ စိတ်ဖိစီးမှု များမနေနဲ့။ ဒယ်ဒီ က ကျောထောက်နောက်ခံ မရှိတဲ့ သူ မဟုတ်ဘူး" မင်းလွင်ထူး "ဒယ်ဒီ သ...