part (10)

2.4K 107 2
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၁၀)
အားချစ်က ကျတော် လှီးထားသည့် ခရမ်းချဉ်သီး အစိမ်း ပါးပါး၊ လှပ်လှပ် ကလေးတွေကို ကောက်စားလိုက်၊ပုဇွန် ခြောက်တွေကို ကောက်စား လိုက်၊မြေပဲဆံ လေးတွေကို ခွာပြီးသား ကြက်သွန်ဖြူ အမြောင်း လိုက်ကလေးတွေနဲ့ စားလိုက် ၊လုပ်ကာ ကျတော့် နံဘေးနားမှာ ကပ်ရှုပ်နေလေသည်။

ဒီနေ့က ကျတော် အလုပ်ပိတ်လို့ အနားရသည့် နေ့ရက်လေး ဖြစ်သည်။
အစိုးရ ရုံးဝန်ထမ်း မဟုတ်သည့် အတွက် ၁ပတ်မှာ စနေ ၁ရက်သာ အလုပ် ပိတ်သည်။

ပိတ်ရက်၌ ကျတော် အားချစ်တို့ အိမ်ကို ပြန်သည်။အဖွား ၏ မီးဖို လေးထဲ၌ ငယ်ဘဝ ၏ အချိန်တော်တော်များများ ကုန်ဆုံး ခဲ့သည်မို့ အချက်၊အပြုတ် တော်တော် ကျွမ်းကျင်နေပြီ ဟု ပြောလို့ရသည်။

အဓိက ကျတော် အကျွမ်းကျင်ဆုံးကတော့ အားချစ် ကြိုက်တတ်သည့် လက်ဖက်သုပ်အမျိုးမျိုး၊ဂျင်းသုပ်၊သင်္ဘောသီး အစုံ သုပ်တွေ ပင် ဖြစ်သည်။

ဒီနေ့လည်း ပိတ်ရက်လေး၁ရက် ရသည်ကို မနားနိုင်ဘဲနှင့် မမောနိုင်၊မပန်းနိုင် အားချစ် အတွက် လက်ဖက် ကျောက်စိမ်းသုပ်လေး သုပ်ပေးနေမိသည်။

အသုပ်က သုပ်ရသည့် ဘဝသို့ မရောက်ခင် အားချစ် လာ၊လာ နှိုက်စား တာနှင့် ကုန်တော့မည်။

"တော်တော့
ကလေး ကျနေတာပဲ။
သုပ်ပြီး မှ စား"

"နည်းနည်းလေးပါကွ နော် နော် နော်"

ပြောပြောဆိုဆိုနှင့် ပုဇွန် ဒုံးခြောက်တွေ ကို နှိုက်စားနေပြန်သည်။
တကယ်ဆို အဲဒီ ပုဇွန် ဒုံးခြောက်တွေက အားချစ်တို့ အိမ်မှာ အမြဲတမ်း ရှိနေတာပင် ။
ဒါပေမယ့်
အားချစ်က တခါမှ နှိုက်မစားတတ်ပေ။
ကျတော် လက်ဖက်သုပ်ရန် ပြင်ဆင်နေပြီ ဆိုလျှင် သူ ရောက်ရာ အရပ်က ပြန်လာတတ်သည်။ပြီးရင် ဘေးကနေ ဇွက်ကယ်၊ဇွက်ကယ်နှင့် အကုန်ကောက်စားတော့သည်။
ဘယ်လို ကောင်လေးမှန်းလည်း မသိသလို၊ဘယ်လို အကျင့်မှန်းလည်း မသိချေ။

ကျတော့်အတွက် ကျ ‌ေတာ့ သူက ဘယ်လိုပင် ကြည့်ကြည့် ချစ်စရာပင် ဖြစ်နေတတ်သည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now