part (25)

2.1K 111 1
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၂၅)
ဒီရက်ပိုင်း နေ့စဉ် ရက်ဆက်လိုလိုပင် အားချစ်က ကျတော် အလုပ်ဆင်းချိန်တိုင်း၌ လာ,လာကြိုတတ်သည်။
ညနေခင်းတိုင်းလည်း ကျတော်နှင့်အတူ ညစာ,စားတတ်သည်။

"နေ့တိုင်းကြီး ဆိုင်ဟင်း၊ဆိုင်ထမင်း စားနေရတာ မငြီးငွေ့ဘူးလားကွာ"

ကားပေါ်တက်,တက်ချင်း ကျတော့်စကားကြောင့် အားချစ်က တချက်တွေသွားသည်။

"မင်း အခု ဗိုက်ဆာနေပြီလား"?

ကျတော် မေးတာကို မဖြေပဲ သူမေးချင်တာ ကိုပဲ ကျတော့်ကို ထပ်မေးသည်။

"တအား ဆာတာတော့ မဟုတ်ဘူးပေါ့ကွ"

"ငါတို့ အတူတူ ချက်စား ကြမလား"?

ကားမောင်းနေရင်းကနေ ကျတော့်ကို မကြည့်ပဲ မေးပြန်သည်။

"အင်း ကောင်းသားပဲ ဆိုင်ဟင်း၊ဆိုင်ထမင်းတွေ သိပ်ပြီး မစားချင်တာနဲ့ အတော်ပဲပေါ့။
ဒါထက် မင်း ဘာစားချင်လဲ"?

"ပဲစိမ်းကို ဂွေးတောက်ရွက်ခပ်တဲ့ ဟင်းရည်စားချင်တယ်ကွာ"

"ကောင်းသားပဲ ညနေဈေးတန်းထဲ လှည့်ဝင်လိုက်ကွာ။
ဒါနဲ့ ဘယ်မှာ သွားချက်ကြမလဲ"?

"အဲဒီအတွက် မပူပါနဲ့။
မင်းကို ငါပြောဖူးတယ်လေ။
တနေရာကို ခေါ်သွားချင်တယ်လို့။
မှတ်မိလား"?

"အင်း မှတ်မိတယ်"

"အဲဒီနေရာကို ငါအခု မင်းကို ခေါ်သွားမယ်"

"အင်း၊ကောင်းသားပဲ"

သိပ်မကြာခင်မှာပင် ကားက ရပ်ကွက် ညနေဈေးတန်းလေး တခု၌ ရပ်သွားလေသည်။

ကျတော်ဖျတ်ကနဲ အဖွားကို သတိရပြန်သည်။အဖွားနှင့်ကျတော် မကြာခဏ ဆိုသလို ဒီရပ်ကွက်ဈေးလေးမှာ လာ,လာပြီး စက်ရုံထုတ် အဝတ်အစားတွေ ဝယ်လေ့ရှိသည်။

အခုတော့ အားချစ်နှင့် အတူပေါ့လေ။
ငေးကနဲပင် အားချစ်ကို လှည့်ကြည့်လိုက်သည်။
တော်သေးတယ်။
ငါတယောက်တည်း ဖြစ်နေတုန်း မင်းရောက်လာပေးခဲ့လို့။

"ဘာလဲ ဖွားစိုး ကို သတိရသွားပြန်ပြီလား"?

သူ့ကို ကြည့်လိုက်သည့် အကြည့်တချက်ကိုပင် အားချစ်က ဘာသာပြန်နိုင်နေလေပြီ။
ဒီလိုဆိုတော့လည်း သူ ကျတော့်ကို စိတ်ဝင်တစား ရှိသားလို့ တွေးပြီး။
တဆက်တည်း၌လည်း သူစိတ်ဝင်တစား ရှိတာ ကျတော့်ကို ချစ်လို့ပဲ ဆိုပြီး ကျေနပ်ရပြန်သည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now