part (11)

2.5K 117 0
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၁၁)
ဒီနေ့က အားချစ်ပြောထားသည့် တနင်္လာနေ့ ဖြစ်သည်။အလုပ် လုပ်နေရင်း ခဏ၊ခဏ နာရီကို တကြည့်ကြည့် လုပ်နေသော ကျတော့်ကို ဂျာကြီး က မြင်ပြင်းကပ်လာပုံ ရသည်။

"မင်းလွင်ထူး ဒီနေ့ ဘာဖြစ်နေတာလဲ?
အာရုံ မရရင်လည်း နေ့ခင်းပိုင်း ခွင့်ယူလိုက်လေ"

အမှန်ဆို  ဂျာကြီးက ကျတော့်ကို ရွဲ့ပြောလိုက်တာပါ။ကျတော်က အမြဲတမ်း လုပ်ငန်းခွင်မှာ တက်တက်ကြွကြွ အလုပ် လုပ်တတ်တယ်လေ။

ဒီနေ့တော့ ကျတော်က ခါတိုင်းနှင့်မတူ အလုပ်ကို အာရုံ မစိုက်ပဲ နာရီကိုပဲ ကြည့်နေတော့ ကြည့်လို့မရ ဖြစ်ပြီး ပြောတာပင်။

ကျတော်ကတော့ ဝမ်းသာသွားသည်။
ခဏနေဆို အားချစ်တို့ကျောင်းက နေ့လယ်စာ စားချိန် ရောက်တော့မည် မဟုတ်လား?။

"ဒါ ဒါဆို ကျတော် နေ့ခင်းပိုင်း ခွင့်ယူလိုက်မယ်နော် အကိုကြီး"

"ဟ......"

သူက ခပ်ရွဲ့ရွဲ့လေး အငေါ်တူးပြီး ပြောလိုက်ပေမယ့် ကျတော်က ဝမ်းသာအားရပင် နားနေခန်းဆီသို့ ပြေးဝင်လာလေသည်။

အဝတ်အစားကို ကြည့်ကောင်းအောင် ဝတ်လာခဲ့ လို့ အားချစ်က မှာထားတယ် မဟုတ်လား?။
နားနေခန်းထဲသို့ ဝင်လာကာ မနက်ကတည်း က ထည့်ယူလာသည့် ဂျင်းဘောင်းဘီလေးနဲ့ တီရှပ် အဖြူရောင် ဗြောင် လေး တထည်ကို ထုတ်ပြီး ဝတ်လိုက်သည်။

လက်က နာရီကိုကြည့်ကာ နောက်သို့ လှည့်မကြည့်နိုင်တော့ပဲ ကားစီးရန်သာ ပြေးထွက်လာခဲ့တော့သည်။
ဘတ်စ်ကားဂိတ်သို့ ရောက်သောအခါ ဘတ်စ်ကား က ရောက်မလာသေးချေ။

ကားစီးချိန် ဘာညာ နဲ့ဆို သူ နားသည့် အချိန်ကို မမှီမှာ စိတ်ပူမိသည်။

"အို မထူးပါဘူးလေ တက္ကစီပဲ စီးသွားတာကောင်းပါတယ်"

တကယ်ဆို ကျတော်က ငွေသိပ်မသုံးတတ်သည့်  ကောင်လေး တယောက်ဖြစ်သည်။
ဘတ်စ်ကား စီးသည်။အလုပ်ကပေးသည့် အဆောင်မှာနေသည်။အလုပ်ကကျွေးသည့် ထမင်းနဲ့ဟင်းကိုသာ စားသည်။
လခ လေး ရလာရင် အဖွားကို ကန်တော့သည်။ပြီးရင် ပိုက်ဆံ စုသည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now