part(15)

2.4K 115 4
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၁၅)
လေဆိပ်ထဲက ထွက်လာတဲ့ မင်းလွင်ထူးကို လှမ်းကြည့်ပြီး ကျတော် သဘောတကျ ပြုံးနေမိသည်။
ပိုပြီး နီးကပ်လာလေလေ သူ့အရပ်အမောင်းနှင့် ကိုယ်လုံး အဆက်အပေါက်တွေက ပိုပြီး ကြည့်ကောင်းလေလေ၊ပိုပြီး မိုးထိုးနေလေလေပါပဲ။
ညိုပြီး စိုနေတဲ့ အသားအရေ နဲ့ မေးရိုးတွေ၊နှာတံ စင်းစင်းတွေ၊မျက်လုံး မျက်ခုံး ကောင်းကောင်းတွေ အပြင် ပိရိသေသပ်သည့် နှုတ်ခမ်းတွေကိုပါ ပိုင်ဆိုင်ထားတာကြောင့် အနီးကြည့်ကြည့် ၊အဝေးကြည့်ကြည့် ရှုထောင့်တိုင်းက ကြည့်ကောင်းနေလေသည်။

တောသားမြို့တက် ဂျင်းဝမ်းဆက် ဆိုသလို ဂျင်းဝမ်းဆက် ကိုလည်း ဝတ်ဆင်ထားသေးသည်။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် မင်းလွင်ထူး ပုံစံလေးက ကျတော်ရောက်နေသည့် နိုင်ငံ က လူတွေ ၏ အကြိုက်နှင့် တထပ်တည်းကျလွန်းနေလေသည်။

ဒီထက်ပိုပြီး တယောက်တည်း လျှောက်လာခိုင်းဖို့ စိတ်မချတာကြောင့် မင်းလွင်ထူး ၏ အနီးသို့ ရောက်အောင် လျှောက်သွားလိုက်လေသည်။
............
ခပ်ဝေးဝေးကနေ လှမ်းကြည့်လည်း အားချစ်၏ ပုံစံလေးက ဖြူဖြူ သွယ်သွယ် ၊ဆံပင်နက်နက်လေးနှင့် ချောမောလွန်း လှတာကြောင့် လူအများကြား၌ ထင်းကနဲ ဖြစ်နေသည်။

ဒီနိုင်ငံက လူတွေကို ကြည့်ရတာလည်း ခပ်သန့်သန့်တွေ များသည်။ဟူး....... ဘယ်လို စိတ်နဲ့ သူ့ကို ဒီမှာ ထားခဲ့ပြီး ကျတော်ပြန်သွားရမှာလဲ လို့ တွေးကာ ရင်ထဲ ပူလောင်ရသည်။

ထိုအခိုက် အားချစ်ကလည်း ကျတော်ရှိရာသို့ ခပ်သွက်သွက်လေး လှမ်းလာသည်ကို မြင်လိုက်ရသည်။

"ရောက်လာပြီလား မင်းလွင်ထူး"

"အေးကွ"

ရောက်လာရတာပေါ့။မင်းက လှမ်းခေါ်လိုက်တာကို ၊အလုပ်ကနေလည်း ခွင့်ယူခဲ့လိုက်သည်။
ကျတော့်အတွက်တော့ အရာရာထက် အားချစ်ကသာ အရေးအကြီးဆုံး ဖြစ်လေသည်။

"ငါ့ခါးကို ဖက်ထားလေကွာ"

"ဟင်"

"ဪ ငတုံးတကောင်နဲ့တော့ ခက်တာပဲ ဟိုတရုတ်ကောင်က ငါ့ကို နောက်ယောင်ခံလိုက်နေတာကွ၊
အဲဒါ မင်းနဲ့ ငါနဲ့ အတွဲတွေလို့ ပြောရမှာလေ။
သူ ဘယ်နေရာ က လှမ်း‌ေချာင်းကြည့်နေပါစေ အတွဲတွေ လို့ ယုံသွားဖို့လိုတယ် ။ဟုတ်လား"?

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now