part(17)

2.6K 137 3
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၁၇)
မင်းလွင်ထူးက ကျတော် ပိတ်ငေါက်လိုက်တာကြောင့် ဘာမှ ပြန်မဖြေနိုင်ပဲ ခေါင်းကြီးငုံ့ထားသည်။အဲဒါကြောင့် ကျတော် ပိုပြီးစိတ်တိုရသည်။စိတ်လည်းတိုသလို၊‌စိတ်ဓာတ်လည်း ကျရသည်။
စိတ်ပါ လေသွားရသည်။

ဒါနဲ့ပဲ မင်းလွင်ထူး အနီးက ဆိုဖာခုံ အသေးလေး ကို ဝုန်းကနဲ ကန်လိုက်မိသည်။
ပြီးတော့ အိမ်ထဲက ထွက်လာသည်။ကားပေါ်တက်သည်။ကားကို ခြံထဲကနေ မောင်းထွက်လာခဲ့မိသည်။

စိတ်တိုနေပေမယ့် ကားကိုတော့ ခပ်မှန်မှန်ပဲ မောင်းလာခဲ့တာပါ။
လမ်းဘေး တဖက်၊တချက်စီက သစ်ပင်တွေဟာ ကားမှန်ပေါ်မှာ အရိပ်တွေလိုမျိုးပြေးလွှား ကျန်ရစ်ခဲ့သည်။
အနည်းငယ်မှောင်စပျိုး လာပြီမို့ လမ်းမီးတွေပင် လင်းနေချေပြီ။

ကားရပ်ခွင့်ရှိသည့် လမ်းဘေး တနေရာ၌ ကားကို ရပ်ပြီး အသက်ကို ဝဝရှူမိသည်။
ကိုယ့်စိတ်ကို ကိုယ်တိုင်ပဲ ဖြေရတာပဲ မဟုတ်ပါလား?

တကယ်ဆို အဲဒီ အသားညိုညိုနဲ့ မင်းလွင်ထ ူး ဆိုသည့် ကောင်လေး အိမ်ကို စ,ရောက်ကတည်းက ကျတော်က သူ့ကို အိမ်အပေါ်ထပ် လသာဆောင်ကနေ မြင်ဖူးပြီးနေပြီ းသား ဖြစ်သည်။

ကျတော်နှင့် ကျတော့်အဘွားက လသာဆောင်ထက်၌ လက်ဖက်သုပ်တွေ သုပ်စားနေချိန်၌ ဖြစ်သည်။အိမ်မှာဆို ဖေဖေနဲ့ မေမေဟာ လက်ဖက်သုပ်ကို စားလေ့၊စားထ သိပ်မရှိပေမယ့် ကျတော်ကတော့ အဖွား လက်ထဲ၌ နေရသည့် အချိန် ပိုများလို့ထင်သည်။
လက်ဖက်သုပ်ကို အဖွားနှင့်အတူတူ သုပ်စားတတ်သည်။
ထိုမှ တဆင့် မက်မက်စက်စက် ကြိုက်တတ်ခဲ့သည်။

"အဖွားစိုးရဲ့ မြေးလေးလား မသိဘူး"

အဖွား လှမ်းကြည့်ရာ အိမ်ဝန်းတံခါးပေါက်ဆီသို့ လိုက်ကြည့်ရင်း အသားညိုညို ကိုယ်လုံး၊ကိုယ်ဖန် ခပ်ထွားထွား နှင့် ကျတော်နှင့်ရွယ်တူလောက် ရှိမည့် ကောင်လေးတယောက်သည် အဖွားစိုး၏ လက်ကို ဆွဲကာ အိမ်
််ဝန်းထဲသို့ ဝင်လိုက်လာလေသည်။

"သူ့မြေးက ဘာလို့ သားတို့ အိမ်ကို လိုက်လာတာလဲဟင် ဖွား"?

အဖွားက လက်ဖက်သုပ် တဇွန်းကို ကျတော့်ပါးစပ်ထဲသို့ ခွံ့ကျွေးရင်း

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now