part (07)

2.7K 116 1
                                    

ခ,စားခွင့်ပြုပါ
အပိုင်း(၇)
ဒီနေ့မနက်လည်း ခါတိုင်းလိုပဲ ကျတော်က အလုပ်ကို ခပ်စောစော သွားရသည်။
ခြံထဲက ဖြတ်လျှောက်တုန်း ဒန်းပေါ်မှာ အားချစ်၏ အဖွားထိုင်နေတာကို လှမ်းမြင်ရသည်။

ကျတော့်လာနေတာ ကို မြင်တော့

"သားရေ မင်းလွင်ထူး၊အဲဒီ အပ်ချည်လုံးလေး ကောက်ပေးခဲ့ပါဦးကွယ်"

"ဟုတ်ကဲ့ အဖွား"

အဖွားက ဘာရယ်မဟုတ်ဘူး ရှုံ့အိတ်ကလေးတွေကို အပျင်းပြေ ချုပ်နေတတ်သည်။

အခုလည်း ရှုံ့အိတ် ချုပ်နေရင်းအပ်ချည်လုံး က လိမ့်ကာ၊လိမ့်ကာ ကျလာသည်ထင်သည်။သူမ ခြေထောက်နှင့် မလှမ်း မကမ်း၌ ကျနေသော အပ်ချည်လုံးကို ကောက်ယူပြီး ရိုရိုသေသေ ပေးလိုက်မိသည်။

"ဒါနဲ့ မျက်နှာချင်းဆိုင် ခြံက မင်္ဂလာဆောင်နေတာ သား မသွားဘူးလား"?

အဖွားတို့ အိမ်နှင့် မျက်နှာချင်းဆိုင်၌လည်း သူဌေးအိမ် တအိမ်ရှိသည်။ပြောရရင် ဒီရပ်ကွက်ကလည်း သူဌေးတွေ စုပြီးနေကြတဲ့ သူဌေး ရပ်ကွက်ပင် ဖြစ်သည်။

မျက်နှာ ချင်းဆိုင်အိမ်က သူဌေးသမီး အကြီးက သူ့အိမ်က အလုပ်သမားနှင့် မင်္ဂလာဆောင်သည့် နေ့ဖြစ်သည်။
အလုပ်သမားက ကိုယ်ပိုင် လုပ်ငန်းရှင်ဖြစ်အောင် ကြိုးစားလာကာ သူဌေးသမီးကို တောင်းရမ်း လက်ထပ်ယူသည့် ပွဲ ဖြစ်သည်။

"ဟုတ်ကဲ့ မသွားဖြစ်ပါဘူး အဖွား"

"အေးကွယ်၊ကိုယ့်အိမ်က အလုပ်သမားနဲ့ ပြန်ပေးစားရတာဆိုတော့ နည်းနည်းတော့ အောက်တာပေါ့။ဒါကြောင့် ဟိုတယ်မှာ ပွဲ မလုပ်ပဲ အိမ်မှာ လုပ်တယ်ထင်တယ် နော်။
ကဲ
သွားတော့ ၊သွားတော့ သားလည်း အလုပ်နောက်ကျနေလိမ့်မယ်"

"ဟုတ်ကဲ့ အဖွား"

ဟုတ်ကဲ့ လို့သာ ဖြေလိုက်ရသည် ကျတော့် စိတ်ထဲ၌ အားချစ်အဖွား၏ စကားက ခိုးလိုးခုလု ဖြစ်ရသည်။

ကိုယ့်အိမ်က အလုပ်သမားနဲ့ ပေးစားရတာဆိုတော့ နည်းနည်းတော့ အောက်တာပေါ့တဲ့ ။
ဒါတောင် သတို့သားက အခု လက်ရှိ၌ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ကာ အောင်မြင်နေသည့် သူပင်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now