part (28)

2.2K 100 0
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၂၈)
ဒီလိုနဲ့ ကျတော်လည်း အပန်းဖြေအိမ်မှာ အိမ်ရှင်ထီးလုံးလုံး ဖြစ်လာတော့သည်။
အားချစ်က မနက်ဆို ရုံးကို ထွက်သွားလိုက်တာ ညနေ လောက်မှ ပြန်လာသည်။
ဒါတောင် တခြား လုပ်ငန်းရှင်တွေနဲ့ မိတ်ဆုံစားတာ၊အစည်းအဝေးလုပ်တာ ဘာညာ မရှိမှ၊ရှိရင် အတော်မိုးချုပ်မှ ပြန်လာလေ့ရှိသည်။
အားချစ်က အလုပ်မှာ ဘယ်လောက်တောင် ကြိုးစားနေရသလဲ ဆိုတာ ကျတော်လည်း သိတာမို့ မနက်ဆို သူ့အတွက် ထမင်းထုပ်ပါ ထုပ်ပေးဖြစ်အောင် ထုပ်ပေး၊ထည့်ပေးနိုင်အောင် အစော ထ,ချက်ရသည်။

အားချစ် ရုံးကို ထွက်သွားရင် သမီးလေးက နိုးလာပြီ အဲဒီအချိန်ကျ သမီးလေးနှင့်ပင် အချိန်ကုန်မှန်းမသိအောင်ကုန်ရသည်။
ကလေးပြုစုစောင့်ရှောက်ရေး သင်တန်းကို တက်ပြီးတာတောင်အခုထိ အသားမကျသေးပေ။
ဒါတောင် အားချစ်က ပြန်လာရင် အဝတ်လျှော်စက်နဲ့ အဝတ်ကူလျှော်တာတို့ ၊မီးပူတိုက်စက်နဲ့ မီးပူတိုက်ကူတာတို့၊ပန်းကန်ဆေးစက်နဲ့ ပန်ကန်ကူဆေးကြောပေးတာတို့ လုပ်ကူလို့ ဖြစ်သည်။

ဒီနေ့လည်း သမီးလေးနှင့် ကျတော် အလုပ်ရှုပ်နေပြန်သည်။
နို့ဗူးဖျော်ပြီး အအေးခံနေတုန်း သမီးလေးက အင်အင်း ပါချလိုက်ပြန်ပြီ။
ဒိုက်ဘာထ,လဲရပြန်ပြီ။

"ဖေဖေ့ကို ပညာတွေ ပြနေတာပေါ့ ဟုတ်လား သမီး"?

"ခစ် ခစ် "

"မှန်း လက်မကြီး မကိုက်နဲ့ သမီး နို့ဗူးကအေးတော့မှာ ဖေဖေ နို့ဗူးတိုက်မယ်နော်"

သူ့ပါးစပ်ထဲက သူ့လက်မလေးကို ဖယ်လိုက်ပေမယ့် ဖယ်တုန်းခဏပင် ပြီးတော့ ပြန်ကိုက်သည်။

ဒိုက်ဘာ အသစ်ဝတ်ပေးရမယ်။ဒိုက်ဘာ အသစ် ဟင် တခုပဲ ကျန်တော့တာကိုး

"ဒိုက်ဘာလည်း ဝယ်ရတော့မယ် သမီးရေ။ဒယ်ဒီကို မှာမှပဲ ။ဒယ်ဒီရေ ပြန်လာရင် ဒိုက်ဘာ (၁)ထုက်လောက် ဝင်ဝယ်ခဲ့လို့ ပြောလိုက်နော်"

"ခစ် ခစ် "

ဘာပဲ ပြောပြော ရယ်နေတတ်သည့် သမီးလေးကို ကြည့်ကာ ချစ်နေမိသည်။

"ဒယ်ဒီကို မှာမနေပါနဲ့ သမီးရယ်၊ခဏနေကျမှ ဖေဖေနဲ့ သမီး နဲ့ ဈေးဝယ်ထွက်
ကြရအောင်နော်"

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now