ခ,စားခွင့်ပြုပါ(BL Fic)
အပိုင်း(၃၄)
(၁)နှစ်ခန့်ကြာသောအခါ
"ဒယ်ဒီရေ ဒီမှာ ကြည့်ပါအုန်း။
ဖေကြီးတို့ ထုတ်မယ့် ပစ္စည်း အသစ်ကို ပြိုင်ဘက် ကုမ္ပဏီက ဒီနေ့ မိတ်ဆက်ပြီ"ကျတော့် စကားကြောင့် ရုံးခန်းထဲမှာ ထိုင်ပြီး လက်မှတ်ထိုးစရာတွေကို စစ်ဆေးနေသော အားချစ်က တအံ့တဩဖြင့် လှည့်ကြည့်သည်။
"ဟင်"
"ပိုပြီး ဆန်းတာက ဘာလဲ သိလား?"
"ဘာလဲ ဟင် ဖေကြီး"
"ဖေကြီးတို့ နည်းပညာအတိုင်း တပုံစံတည်းကြီး ထွက်လာတာပဲ"
အားချစ်ကလည်း ထိုင်ခုံ မှ ထ,ကာ ကျတော့်ဖုန်းထဲက ပြိုင်ဘက် ကုမ္ပဏီ၏ ပစ္စည်းသစ် မိတ်ဆက် ဗီဒီယို ကို လာကြည့်သည်။
"အင်း ဒါက နည်းပညာ အခိုးခံရတာ သေချာတယ် ဖေကြီး။
ဒီကုမ္ပဏီမှာ သစ္စာဖောက်ပြီး နည်းပညာ ရောင်းစားတဲ့ သူတော့ ရှိနေပြီ"ကျတော်တို့ နှစ်ယောက် တယောက်မျက်နှာကို တယောက်က ကြည့်ကာ
ပြိုင်တူ ကြည့်လိုက်ကြသည်။"ဒီတော့ အဲဒီ သစ္စာဖောက်ကို အရင် မိအောင် ဖမ်းကြရအောင်"
နှစ်ယောက်သား ပြိုင်တူလိုလိုပင် ပြောထွက် မိသွားကြ ေလသည်။
ပြီးမှ
နှစ်ယောက်ပြိုင်တူ ပြုံးလိုက်ကြသည်။အခုဆို အားချစ်က ကုမ္ပဏီကို ဦးစီးလုပ်ကိုင်နေလေပြီ။ကျတော်ကတော့ ထုံးစံ အတိုင်း အားချစ်၏ နောက်ကို အမြဲ လိုက်နေရသော အတွင်းရေးမှူး ဖြစ်နေလေပြီ။
ကိုယ်ပိုင် ကုမ္ပဏီထောင်ကာ အားချစ်ကို စောင့်ရှောက်ပေးတာမျိုးထက် အခုလို သူ့နောက်က တကောက်ကောက်လိုက်ကာ သူလိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်တာမျိုးကလည်း သူ့ကို စောင့်ရှောက်ရာ ရတာပဲ လို့ ကျတော် သဘောပေါက်လာပါပြီ။
........................"သစ္စာဖောက်ကို ဖမ်းမိဖို့ အတွက်က လွယ်ပါတယ် ဖေကြီးရဲ့"
မနက်ကတည်းက အားချစ် တယောက်တည်း ထိုင်စဉ်းစားနေတာ အခု နေ့လယ် အချိန်တောင် ရောက်နေပြီ ။
နေ့လယ်စာလည်း မစားတာမို့ ကျတော်ကပဲ အိမ်ကလာပို့သည့် ထမင်းချိုင့်ကို ဖွင့်ကာ အားချစ်ကို နံဘေးကနေ ခွံ့ကျွေးနေရသည်။
YOU ARE READING
ခ,စားခွင့်ပြုပါ ( Complete)
Romance"ဒယ်ဒီ သိထားရမှာက ဒယ်ဒီ့မှာ ခင်ခင်ရယ်၊ဖေကြီးရယ် အပြင် ဒီအိမ်နဲ့ ဒီခြံကြီးပါ ရှိပါသေးတယ် ဆိုတာပဲ အဲဒါကြောင့် နောက်ကို အလုပ်လုပ်ရင် ရဲရဲဝံ့ဝံ့ နဲ့သာ လုပ် ဘာမှ စိတ်ဖိစီးမှု များမနေနဲ့။ ဒယ်ဒီ က ကျောထောက်နောက်ခံ မရှိတဲ့ သူ မဟုတ်ဘူး" မင်းလွင်ထူး "ဒယ်ဒီ သ...