Episode 1

642 70 14
                                    

ဇာတ်လမ်လေးတစ်ပုဒ်ကတော့ Jirisan ဆိုတဲ့
တောင်တက်ခရီးစဥ်လေးတစ်ခုကနေ အစပျိုး
လာခဲ့တယ်...

အမှတ်မထင်ကနေ အမှတ်တရသို့
အမှတ်တရက​နေ သူစိမ်းတွေသို့....
ဝေဝါးနေတဲ့အတိတ်ဖြစ်နေရင်တောင်မှ
ကောင်းခန်းလေးတွေရှိနေပါသေးတယ်...
.
.
.
.
.
.
.
.
.

" ဧည့်သည် Kim Taehyung ရှင့်
ရထားထွက်တော့မှာဖြစ်လို့ အမြန်ဆုံး
လာရောက်ပေးပါရှင့်...."

ထိုသို့မိန်းကလေးတစ်ယောက်ရဲ့အသိပေး
အချက်ပြသံဆုံးပြီးမကြာမီမှာ လူငယ်လေး
တစ်ယောက်တောင်တက်ကျောပိုးအိတ်ကိုလွယ်
လျှက် အမောတကော လူအုပ်ဆီပြေးလာခဲ့တယ်
ဆောင်းတွင်းကြီးဖြစ်ပေမယ့် နားထင်တစ်ဝိုက်မှာ
ချွေးတွေဖြင့် ။ တောင်တက်အိတ်ကြီးနဲ့ပြေးလာရတာလည်း မလွှဲသာလှ ။ လူအုပ်အနားက်ို
ရောက်လာတော့မှ ခဏအမောဖြေပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်တော့တယ် ။

" ကျွန်....ကျွန်တော် က Kim...Kim Taehyungပါ နည်းနည်းနောက်ကျ...
နောက်ကျသွားလို့တောင်းပန်ပါတယ် "

" ရပါတယ်ရှင့်...အချိန်မှီလို့တော်သေးတယ်
ကဲ...အားလုံးပဲ ရထားပေါ်တက်လို့ရပါပြီရှင့် "

Taehyung အပါအဝင်နောက်ထပ်လူ ဆယ်ယောက်လောက်ရှိတဲ့အုပ်စုသည် ရထားပေါ်သို့
ကိုယ်စီတက်သွားကြတော့သည် ။ ရထားလက်မှတ်ပါအတိုင်း ခုံတွေရှာဖွေလို့အပြီးမှာ
ကိုယ့်နေရာကိုယ်တွင်ထိုင်ကြတော့သည် ။
အားလုံးနေရာယူပြီးသည်နှင့်တစ်ပြိုင်နက်
ရထားသည် ဘူတာမှစတင်ထွက်ခွာသွား
တော့သည် ။ ထိုအချိန်မှ Volunteer မိန်းကလေး
တစ်ယောက်သည် သူတို့အားလုံးရှိရာ ရထား
တွဲဆီလာပြီး စကားစပြောတော့သည် ။

" အားလုံးပဲ မဂ်လာပါရှင့်...ကျွန်မနာမည်က
Hana ပါ...အခု Jirisan တောင်တက်ခရီးစဥ်ကို
ဦးဆောင်မယ့် Volunteer ပါ....ပျော်ရွှင်စရာ
တောင်တက်ခရီးစဥ်လေးဖြစ်အောင်
အားလုံးဝိုင်းဝန်းပေးကြပါဦးနော်...
နောက်ဘူတာတစ်ခုရောက်ရင် ကျွန်မတို့
အဖွဲ့နဲ့ Join မယ့် နောက်ထပ်တောင်တက်
အဖွဲ့လည်းရ်ှိပါသေးတယ်...အဲ့ဒီကျတော့မှပဲ
တစ်ယောက်နဲ့တစ်ယောက်ပိုပြီးရင်းနှီးသွား
အောင် မိတ်ဆက်ကြတာပေါ့နော် "

Dust on the ShoulderWhere stories live. Discover now