Episode 19

285 42 27
                                    

ညကိုးနာရီအချိန်မှာ Soekjin သူ့ရဲ့ခရီးဆောင်အိတ်ထဲကိုအဝတ်အစားအချို့နဲ့အသုံးအဆောင်
အချို့ထည့်နေတာကို အခန်းထဲဝင်လာတဲ့
Minho ကမြင်လိုက်ရသည်။

" မနက်ဘယ်အချိန်သွားမှာလဲ "

" 7 နာရီလောက်ထွက်မယ်လေ.."

Soekjin လည်း Minho ကိုလှန်းကြည့်လိုက်တော့ Minho သူ့လက်ထဲမှာပါ ခရီးဆောင်အိတ်ကြီးကိုင်ထားတာမြင်လိုက်ရတော့သည်။

" မင်းကရော..ဘယ်လဲ.."

" မင်းနဲ့လိုက်မယ်လေ.."

" ဟမ်..ဘယ်လိုလုပ်ပြီး "

" မင်းတို့ချစ်ကြည်ရေးခရီးကိုငါလည်းမြင်ချင်တယ်လေကွာ...ဆေးရုံအုပ်ကိုလည်းဖုန်းဆက်ပြီးပြီ အဆင်ပြေတယ် ဒါပေမဲ့ ရက်အကြာကြီးတော့
မရဘူးလေ...သုံးလေးရက်ပေါ့.."

" ဟုတ်ပါပြီ..မင်းပါတော့ငါလည်းအဖော်ရတာပေါ့.. ဒါဆိုလည်း ဒီညစောစောနား..မနက်ဖြန်
မင်းပဲမောင်းရမှာ.."

" ကျေးဇူးရှင်ကြီးပါလား..."

Minho ပြောပြီးအခန်းထဲမှပြန်ကာထွက်သွားတော့သည်။ Soekjin အံဆွဲထဲမှာ လခြမ်းသဏ္ဍာန် သော့ချိတ်လေးထုတ်ပြီး တယုတယကိုင်လိုက်ကာ

" မင်းဆီအရောက်ပြန်လာပြီနော် Taehyung "

နောက်တစ်နေ့မနက်ရောက်လာတဲ့အချိန်မှာ
Minho နဲ့ Soekjin နှစ်ယောက်အတူတူ
Taehyung ရှိရာ Gam Nam မြို့ကိုထွက်လာ
တော့သည်။

Minho ကိုယ်တိုင်ကားမောင်းရင်း Soekjin ကတော့ ဘေးမှာရင်ခုန်စွာနဲ့လိုက်ပါလာသည်။
ဒီလိုနဲ့လမ်းတစ်ဝက်ကိုရောက်လာတော့
Soekjin က သူတစ်လှည့်ပြန်မောင်းပေးရမလား
မေးလာတော့သည်။

" ငါတစ်လှည့်မောင်းပေးရဦးမလား "

" နေပါကွာ..မင်းဘာသာပဲမင်းစိတ်ငြိမ်
အောင်အရင်ထိန်းဦး... စောနကတည်းက
ငါကြည့်နေတယ် ဘာကိုင်ကိုင်လွတ်ကျရတာနဲ့
ဟိုဆောင့်မိဒီဆောင့်မိနဲ့ မျက်စိကိုနောက်နေတာ "

" မမောင်းနဲ့ဆိုရပြီလေ.. ဘာလို့နိုင်ငံရေးတွေ
ထည့်ပြောတာလဲ.."

" ပြောမှသိတဲ့သူကပြောရမယ်..."

" မြန်မြန်မောင်းစမ်းပါကွာ...
Taehyung ဆီမြန်မြန်ရောက်ချင်ပြီ..."

Dust on the ShoulderWhere stories live. Discover now