Episode 11

304 56 6
                                    

Taehyung တစ်ယောက် တစ်နေ့တာလှုပ်ရှားမှု
အစအဆုံးကို ညဘက်နားချိန်တွင် editing ပြန်
၍လုပ်ဆောင်နေသည် ။ Taehyung သည်
ဗီယမ်နမ်ရဲ့မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့ကို
ခရီးသွားအစီအစဥ်တစ်ခုရိုက်ရန် Projectနဲ့
ရောက်ရှိလို့လာခဲ့ပြီ ။ ဗီယမ်နမ်လူမျိုးတွေရဲ့
ယဥ်ကျေးမှုတွေ ၊ အစားအသောက်တွေ ၊ အထင်
ကရနေရာတွေ ၊ အနုပညာလက်ရာတွေ ထွန်းကားတဲ့ဘုရားကျောင်းတွေကို လည်ပတ်
သွားလာရင်း တစ်နေ့တာရိုက်ကူးရေးအချိန်ကို
ကုန်စေလိုက်ကာ ညဘက်ရောက်မှရိုက်လာသမျှ
Short cut တွေကိုပြန်ပြီးစီစစ်ရတော့သည်။
တစ်နေ့တာ Video တွေစီစစ်လို့အပြီးမှာတော့
မနက်ဖြန်သွားမယ့် နေရာနဲ့အချိန်ကို ကိုယ်တိုင်
ကြိုတင်စဥ်းစားရသည် ။

Taehyung ရဲ့ Video တွေက You tube မှာ
သန်းချီပြီးလူကြည့်များတာကြောင့်
Taehyung အတွက်လိုအပ်တဲ့ budgetကို
အလုံအလောက်စီစဥ်ပေးထားသည်။
Taehyung ကလည်းသူလုပ်ကိုင်ရတဲ့
အလုပ်ကိုသေချာစနစ်တကျလုပ်ကိုင်
တတ်တာကြောင့် အလုပ်မှာ မျက်နှာပေး
ခံရသည် ။ Cele သဘောမျိုးတောင်ဖြစ်
နေတာကြောင့် တစ်ချို့သော နုတ်ခမ်းနီ
မလေးတွေရဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်
တောင်ဖြစ်နေ​တော့သည် ။

" Tee...Tee...Tee..."

Taehyung အလုပ်လုပ်နေရင်း ဖုန်းဝင်လာလို့
ကြည့်လိုက်ရာ Saran ဖြစ်နေတာမို့ ချက်ချင်း
ကိုင်လိုက်ပါသည်။

" Taehyung... Vedio call ပြောမယ်လေ "

" Okay...ကို ဖွင့်လိုက်မယ်နော်.."

ဖုန်းချက်ချင်းချပြီး Ig ကနေ Saran ကို
video call ခေါ်လိုက်ပါတော့သည် ။

" Hello...Saran "

" ဒီနေ့ဘယ်တွေသွား...ဘာတွေလုပ်လဲ "

" ဒီနေ့သွားတာတော့ အစုံပဲ..
စားတာတွေလည်းအစုံပဲ...
Saran ရော ဒီနေ့ဘယ်လိုနေလဲ
ဆေးရောပုံမှန်သောက်ရဲ့လား "

" ဟုတ်...Saran ကတော့ထုံးစံအတိုင်း
အလုပ်နဲ့အိမ်ပေါ့...ဆေးလည်းပုံမှန်သောက်
ပါတယ်...ဗီယမ်နမ်မှာဘယ်လောက်ကြာမှာလဲ "

" အင်း....၅ ရက်လောက်ပါပဲ..."

" Taehyung... "

" ပြောလေ.. Saran..."

Dust on the ShoulderWhere stories live. Discover now