Episode 3

273 49 19
                                    

အချစ်သည် မီးစလေးနှင့်တူ၏...
ပေါ့ဆစွာ နေမိပါက
နှလုံးသားတစ်ခုလုံး
လောင်ကျွမ်းတတ်၏.....
လောင်ကျွမ်းနေပေမယ့်ညှော်နံ့မထွက်
ပြာကျသွားမှသာသိတတ်၏....

Saran နဲ့ Yoona တို့နှစ်ယောက် Taemi
ကိုတွဲခေါ်ပြီးစခန်းသို့ပြန်ခေါ်လာသည်။

" ဟဲ့...နင့်ခြေထောက်ဘာမှမဖြစ်ဘူးမလား "

" အေး...မဖြစ်ပါဘူး..ငါလည်းသူထူပေးမလား
လို့ မူမိပါတယ်..ဟိုကငါ့ကိုအသားတောင်မထိ
ချင်ဘူးနဲ့တူပါတယ်..."

" အဲ့လိုမဟုတ်လောက်ပါဘူး...တစ်ချို့
ကောင်လေးတွေက မိန်းကလေးတွေကို
ထိလိုက်ရင် အသားယူတယ်ထင်မှာဆ်ိုးလို့
နေမှာ "

" အင်းနော်....နင်ပြောတာလဲ..ဟုတ်သားပဲ
ဒီလိုဆိုတော့လည်း Manner လေး ပိုပြီး
သဘောကျချင်စရာလေး ချော်လဲရကျိုး
နပ်သွားသလိုပဲ..."

" ဘာမှမဖြစ်ရင်လည်း ကိုယ့်ဘာသာ
လျှောက်လေ "

" မရဘူးလေ...တော်ကြာ Soekjin က
သက်သာတယ်ထင်ပြီးငါ့ကိုဆေးလာမပေးပဲ
နေမယ်..ငါ့မှာသူနဲ့စကားပြောရဖို့ဘယ်လောက်
ရင်းရတယ်ထင်လဲ "

" အေးပါဟယ်....လာပါ..တွဲပါ့မယ် "

" ကျေးဇူးပါဟယ်.."

စခန်းကိုရောက်တော့ Tamp မှာပဲအေးဆေးနားနေရင်း Soekjin တို့ပြန်အလာကိုမျှော်နေမိသည်။ ခဏအကြာတွင် Taehyung တို့
နှစ်ယောက်လည်းထင်းတွေကိုယ်စီသယ်ရင်း
စခန်းဆီပြန်လာကြာတော့သည်။ ထင်းတွေကို
မီးဖိုမယ့်နေရာတွင်သေချာအစီအရီနေရာချပြီး
သည့်နောက်မှာတော့ Taehyung က Taemi
ဆီ သတင်းလာမေးတော့သည် ။ Soekjin
ကတော့ တစ်နေရာကိုထွက်သွားတော့သည်။

" သက်သာလား Taemi... "

" ဟုတ်...သက်သာပါတယ်..
စောနက သွေးပူနေလို့နာသွားတာပါ.."

လူကသာ Taehyung နဲ့စကားပြောနေပေမယ့်
မျက်လုံးကတော့ Soekjin ကိုရှာနေမိသည်။
Taehyung ကသတိထားမိတာမို့

" Soekjin က Taemi အတွက်
ဆေးဘူးသွားယူနေတာ..ခဏနေရင်
လာလိမ့်မယ် "

" ဪ...ဟုတ်.."

ခဏအကြာ ဆေးဘူးလေးကိုင်ပြီးသူ့ဆီ
လျှောက်လာသော Soekjin ကိုမြင်လိုက်
ရတာမို့ Taemi မျက်လုံးတွေအရောင်လက်
လာတော့သည်။

Dust on the ShoulderWhere stories live. Discover now