Episode 21

294 34 4
                                    

2 Years Later

ကျွန်တော်တို့ ဘာတွေကို စွဲလမ်းခဲ့ကြသလဲ ၊ ကျွန်တော်တို့ ဘယ်လိုအရာတွေကို မက်မောခဲ့ကြသလဲ ၊ နောက်ပြီးကျွန်တော်တို့တွေ ဘယ်ရထားမှာလွဲခဲ့ကြတာလဲ ၊ ဘယ်ရထားမှာလွဲကြတာလဲလို့မေးရအောင်လည်း သူနဲ့ ကျွန်တော်က တစ်မှတ်တိုင်စီလေ....ဟုတ်ပါတယ် ...သူနဲ့ကျွန်တော်က စတွေ့ကတည်းကိုက လွဲနေခဲ့ကြတာ အခုထိပါပဲ...သူက‌တော့ အစွဲကြီးတယ် သူ့ရဲ့ရထားပေါ်လူတစ်‌ယောက်အတွက်ပဲ ခုတ်မောင်းတယ် ....ကျွန်တော်လမ်းကြုံလိုက်ပါရစေ ‌ပြောတုန်းကတောင် သနားပြီး ခေါ်မတင်ခဲ့တာပဲ ကြည့်လေ ....သူဘယ်လောက်ရက်စက်လိုက်သလဲ....လူ့အသက်ပေါင်းများစွာကို ကယ်တင်နေတဲ့သူက ကျွန်တော့်နှလုံးသားကိုတော့ မကယ်တင်ခဲ့ဘူး...သူသိပ်ရက်စက်တယ်ဗျာ......

Tuski တစ်ယောက်စာအရှည်ကြီးရေးပြီး Post တင်ထားတာကို Soekjin မြင်တော့ သဘောကျပြီး ပြုံးမိသေးသည်။ ဖုန်းကြည့်ရင်းပြုံးနေတာကို Minho က မြင်တော့ မေးမိလိုက်ပါသေးသည် ။

" ဘာတွေပြုံးနေတာလဲ..ဘာလဲ Taehyung ဘာsuperise လုပ်လို့လဲ.."

" ‌ရော့..သိချင်ကြည့် ..."

ဘာမှရှည်ရှည်ဝေးဝေးသိပ်မပြောပဲ ဖုန်းပေးလိုက်တော့သည် ။ Minho လည်း Soekjn ပေးလိုက်တဲ့ဖုန်းကိုသေချာကြည့်ပြီး ခဏလောက်ငြိမ်နေသည် ။

" အဲ့ဒီကောင်လေး မင်းကိုတော်တော်ကြွေနေပုံပဲ ..."

" လူငယ်အထာအတွေပါကွာ...ငြိမ်သွားလိမ့်မယ် .."

" ငါတော့မထင်နော်...မင်းငြင်းထားတာတောင် သူကလက်မလျှော့တာ .."

" ငါ့စိတ်လည်းမင်းသိနေတာပဲ...."

" ဟုတ်ပါတယ်....ဒါပေမဲ့ မင်းအတွက် အပြောင်းအလဲ..."

" တော်ပါကွာ....အပြောင်းအလဲဆိုတဲ့စကားတော့မပြောပါနဲ့ ..မင်းလဲ Taehyung အိမ်ထောင်ကျပြီးပြီလို့သိထားတာတောင် စိတ်ကမေ့နိုင်ခဲ့လို့လား ....ငါ LGBT ကို support ပါတယ် လက်လဲလက်ခံတယ် ဒါပေမဲ့ ကိုယ်တိုင်လိုက်လုပ်မယ်လို့တော့မဆိုလိုဘူးလေ...ငါ လူပျိုကြီးပဲလုပ်တော့မယ်...ဆုံးဖြတ်ပြီးပြီး..."

" အေးပါကွာ...ဟုတ်ပါပြီ..."

" မင်းမပြန်သေးဘူးလား..."

You've reached the end of published parts.

⏰ Last updated: May 26 ⏰

Add this story to your Library to get notified about new parts!

Dust on the ShoulderWhere stories live. Discover now