Episode 10

347 56 22
                                    

" Taehyung ထတော့...
Taehuyng... "

ဒီမနက် Taehyung မြို့ကိုပြန်ရတော့မှာမို့
Soekjin နှိုးပေးနေရသည် ။ ညကသူလည်း
ဟိုပြေးဒီပြေးနဲ့တော်တော်ကိုပင်ပန်းသွားတာ
အမှန်ပင် ။

" Taehyung... ထတော့ဆို
မင်းနောက်ကျတော့မယ်..."

" ငါးမိနစ်ကွာ...ငါးမိနစ်ပဲ..."

" ဟိတ်ကောင်...မရဘူး.အခုထ "

Soekjin သည် Taehyung ခြုံထားတဲ့စောင်ကို
အတင်းဆွဲဖယ်နေသည် ။ Taehyung
ကလည်းဆက်ပြီးအိပ်ချင်နေတာကြောင့်
စောင်ကိုပြန်၍ဆွဲယူနေပြန်သည် ။
သူဆွဲကိုယ်ဆွဲဖြစ်နေတာကြောင့် Taehyung
စိတ်မရှည်တော့တဲ့အဆုံးမှာ တစ်ချက်အားနဲ့
စောင်ကိုဆွဲယူလိုက်ရာတွင် Soekjin ကိုယ့်အရှိန်ကိုမထိန်းနိုင်ပဲ အိပ်နေသော Taehyung အပေါ်
ပြုတ်ကျသွားတော့သည် ။ Taehyung ကလည်း
ရုတ်တရက် ပြုတ်ကျလာတဲ့ Soekjin ကို
အရန်သင့်ဖမ်းယူထားလိုက်ပါတော့သည်။
ဖမ်းယူပြီး သူ့အပေါ်ရှိနေတဲ့ Soekjin
ကိုယ်အားဘေးနေရာအလွှတ်သို့ဆွဲချ
လိုက်ရင်း ဘေးတစ်စောင်းဖက်ထား
တော့သည် ။

" ဟိတ်ကောင် Taehyung..
လွှတ်ငါ့ကို..."

" ငါးမိနစ်လောက်ပဲဆက်အိပ်ချင်နေတာကို.."

Taehyung ကတော့အိပ်ချင်မူးတူးနဲ့မျက်လုံး
မှိတ်လျှက်နဲ့ပဲပြောဆိုနေသည်။

" အေးကွာ...အိပ်..ဆက်အိပ်
အခုတော့ငါ့ကိုလွှတ်..."

" ပြီးရော..."

Taehyung လွှတ်လိုက်တာနဲ့ Soekjin
အမြန်ထပြီး အိပ်ရာပေါ်ကဆင်းဟန်ပြင်
ပါတော့သည် ။ Taehyung လည်း Soekjin
ထသွားတော့မှမျက်လုံးဖွင့်ကြည့်ကာ
ကိုယ့်ဘာသာတစ်ယောက်တည်းကြိတ်ပြီး
ရယ်ပါတော့သည် ။ Soekjin သည် အိပ်နေတဲ့
Taehyung ကိုကျော်ပြီးတစ်ဖက်ကိုဆင်းဟန်
ပြင်ပေမယ့် ခြေတစ်ဖက်က ခြုံနေတဲ့စောင်နဲ့
ပတ်မိသလိုဖြစ်ပြီးငြိသွားကာ Taehyung ပေါ်
ထပ်ပြီးပြုတ်ကျတော့သည်။ Taehyung ရင်ဘတ်ပေါ်အရှိန်နဲ့ပြုတ်ကျမိတာမို့ ခံရသူ
အဖို့ အောင့်သက်သက်နဲ့ခံပြင်းသွားရသည်။

" အ...သေပါပြီ...ကွာ...Soekjin ရာ "

Taehyung လည်းခေါင်းငုံ့ကြည့်လိုက်တော့
သူ့ရင်ဘတ်ပေါ်မှာ Soekjin ။ Soekjin လည်း
ပြုတ်ကျကျချင်းအမြန်ထကာမေးရတော့
သည်။

Dust on the ShoulderWhere stories live. Discover now