Episode 13

280 47 10
                                    

လွန်ခဲ့သော ( 10 ) နှစ်
*******************

ဆောင်းအကုန်နွေအကူး ၊ နွေဦးရဲ့
ရွက်ဝါတွေပွင့်စအချိန်တွင် အလယ်တန်း
ကျောင်းလေးတစ်ကျောင်းရဲ့ တစ်နှစ်တာ
စာသင်မှုပထမဆုံးရက်ကို စတင်ရပါတော့သည်။
ကျောင်းစစချင်းဖွင့်ရက်ဖြစ်တာကြောင့်
ကျောင်းသူ ၊ ကျောင်းသားအချို့နဲ့ဆရာ ၊
ဆရာမများ ကိုယ်စီရှုပ်နေလျှက် ။ ကျောင်းသား
အသစ်တွေကတော့ သက်ဆိုင်ရာအတန်းပိုင်
ရုံးခန်းမှာစောင့်နေရတော့သည် ။ ဒီလိုနဲ့ပဲ
ကျောင်းသားသစ်လေးတစ်ယောက်က သူတက်ရမယ့် အတန်းပိုင်ရုံးခန်းရှေ့မှာစောင့်လို့နေလေရဲ့။

" သား...လာ..အတန်းထဲသွားရအောင်.."

" ဟုတ်ကဲ့..ဆရာ.."

ထိုကျောင်းသားလေးလည်း အတန်းပိုင်ခေါ်ရာ
နောက်လိုက်ပါလာရင်း အတန်းတစ်ခုရဲ့အရှေ့
မှာရပ်ကာ စာသင်ခန်းထဲဝင်သွားတော့သည်။
ကျောင်းသားသစ်ကတော့ အခန်းဝနားမှာ
ဆရာခေါ်မယ့်အချိန်ကိုရပ်လျှက်စောင့်နေရှာ
သည် ။

" ကဲ...အခုအခန်းထဲမှာရှိတဲ့ကျောင်းသား
တွေက အားလုံးကျောင်းသားဟောင်းတွေ
ဆိုတော့ ထွေထွေထူးထူးတော့ မိတ်ဆက်စရာ
မလိုဘူး...အခုကျောင်းသားသစ်နဲ့မိတ်ဆက်
ပေးမယ်..."

" ကဲ...သားဝင်လာ "

ကျောင်းသားလေးလည်းအခန်းထဲသို့ဝင်
လာပြီးကျောင်းသားအားလုံးကိုနုတ်ဆက်လိုက်
ပါသည် ။

" မဂ်လာပါ... ငါ့နာမည်ကတော့
Kim Taehyung... ပေါ့ပေါ့ပါးပါးနဲ့
Taehyung လို့ခေါ်လဲရတယ်နော်
ရှေ့လျှောက်တစ်ခုခုလိုရင်ကူညီပါဦး "

" ကဲသား...လွတ်တဲ့နေရာဝင်ထိုက်လိုက်နော် "

" ဟုတ်...ဆရာ..."

မျက်နှာချိုချိုနဲ့ဆက်ဆံတတ်တဲ့ Taehyung
ကိုအတန်းသူ အတန်းသားအားလုံးက မြင်မြင်ချင်း ခင်မင်မိကြသည် ။ သတင်းတစ်ချို့အရ
ဒီနှစ်အသစ်ပြောင်းလာတဲ့ ကျောင်းအုပ်ဆရာမကြီး သားလို့လည်းသိရသည် ။ Taehyung
နေရာလွတ်ခုံတွင်ဝင်ထိုင်ပြီးသည်နှင့်
ဘေးပတ်လည်မှာရှိတဲ့ ကျောင်းသား၊
ကျောင်းသူအချို့နဲ့အရောတဝင်ထပ်
မိတ်ဆက်လိုက်သည် ။

Dust on the ShoulderWhere stories live. Discover now