Episode 2

300 58 5
                                    

" မျဥ်းတစ်ကြောင်းရဲအစွန်းနှစ်ဖက်မှာ
ရပ်နေသူတို့ နှစ်ဦး သံသရာစက်ဝိုင်းရဲ့
ဆုံမှတ်တစ်ခုမှာ ဆုံကြရာဝယ်..."

ဘုရားကျောင်းအတွင်း အကုန်လှည့်ပတ်
ကြည့်ရှုပြီးသည့်နောက်မှာတော့ ဘုရားကျောင်း
ရဲ့အပြင်ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှူရန်
ထွက်လာကြတော့သည် ။

" အားလုံးအေးအေးဆေးကြည့်ကြပါနော်
တစ်ခုခုသိချင်တာရှိရင် Hana ကိုအားနာ
စရာမလိုပဲ လာမေးနိုင်ပါတယ် "

အားလုံးလွတ်လွတ်လပ်လပ်ပဲ ဘုရားကျောင်းရဲ့
အနီးနားပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှူနေ
ကြတော့သည် ။ Taehyung လည်းပတ်ဝန်း
ကျင်ကို မှတ်တမ်းတင်နေရင်း Saran မှ
လာခေါ်တော့သည် ။

" Taehyung ..."

" ဟုတ်...ပြောလေ Saran "

" ကျွန်မလေ ဟိုနားကကျောက်တုံးနားလေးမှာ
ဓာတ်ပုံလေးရိုက်ချင်လို့ အဲ့ဒါ ဓာတ်ပုံလိုက်
ရိုက်ပေးပါလားဟင်..ကျွန်မသူငယ်ချင်း
တွေကလည်း ဟိုဘက်သွားကြတယ်ထင်တယ်
မတွေ့မိလို့ "

" ကောင်းပါပြီဗျာ...ရိုက်ပေးပါ့မယ် "

" ဟုတ်.ကျေးဇူး "

Taehyung နဲ့ Saran လည်း ကျောက်တုံးနား
ကိုရောက်လာတော့ Soekjin နဲ့တွေ့တော့
သည် ။ Soekjin ကတော့ခေါင်းလေးညိတ်
ပြုံးပြရင်းသာနုတ်ဆက်ရင်း သူ့ဘာသာ
တခြားနေရာလေးတွေဆက်ကြည့်နေသည်။
Saran ကတော့ ချစ်စရာအမူအရာလေးတွေ
နဲ့ Post ပေးကာ Taehyung က Camera man
လုပ်ရတော့သည် ။ ခဏလောက်ဓာတ်ပုံရိုက်ပြီး
အကြာမှာ Saran က Taehyung ရိုက်ပေး
ခဲ့တဲ့ပုံများကိုတစ်ဖန်ပြန်ကြည့်နေသည် ။

" Taehyung က ဓာတ်ပုံရိုက်တတ်သားပဲ
တော်လိုက်တာ... လှလိုက်တာ "

" ကျွန်တော် တော်တာမဟုတ်ပါဘူးဗျာ..
Saran က လှနေလို့ပါ "

" သိပ်မြှောက်ပြောတတ်တာပဲနော် "

" ဪ..တကယ်ပါဆို "

" ဟုတ်ပါပြီ...ဓာတ်ပုံရိုက်ပေးလို့
ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ဝယ်ကျွေးမယ် "

" အင်း...Seoul ရောက်ရင်ဝယ်ကျွေး "

" ဟုတ်ပါပြီ.... "

Dust on the ShoulderWhere stories live. Discover now