Episode 4

257 44 17
                                    

" သူနဲ့သွားမပတ်သတ်နဲ့နော်...သူကဟိုသတင်းထွက်နေတာ..."

"ဟမ်...ဘာသတင်းလဲ .."

" သူက လိင်တူကြိုက်တာတဲ့..
archi major က ကောင်လေးနဲ့တောင်
သတင်းထွက်သေးတယ်..ဟိုကောင်လေးက
တော့ သူမဟုတ်ဘူး..ငြင်းတယ် "

" ဒါဆို..သူက မဟုတ်ပဲလျှောက်ပြောနေတာပေါ့..."

" ဟုတ်မှာပေါ့....ရုပ်လေးကြည့်တော့ သန့်သန့်ပြန့်ပြန့်နဲ့ မထင်ရဘူးနော် ..."

" အေးဟယ်....မဟုတ်တမ်းတရား သတင်းဖြန့်နေတာတော့မဟုတ်သေးပါဘူး "

Soekjin တစ်ရေးလန့်နိုးလာချိန် ဖုန်းထုတ်အချိန်ကြည့်လိုက်တော့ မနက် သုံးနာရီပဲရှိသေးသည် ။ မမက်ချင်တဲ့ အိပ်မက်တွေခဏခဏပြန်၍မက်နေပြန်သည် ။ ဆက်အိပ်၍လည်း မရတာနဲ့အပြင်ခဏထွက်ပြီး လေကောင်းလေသန့်ရှုရန် Tamp ထဲမှအပြင်ထွက်လာတော့သည် ။

အပြင်ကို‌ရောက်လာတော့ ကောင်းကင်ကိုကြီးကို မော့ကြည့်ရင်း သက်ပြင်းရှည်တစ်ချက်ချမိပြန်သည် ။

( ဒီအရိပ်မည်းကြီးက ကျွန်တော့်နောက်
ဘယ်အချိန်ထိလိုက်နေဉီးမှာလဲ...ကိုယ့်ဘဝကိုစိတ်ကြိုက်ဘယ်တော့မှဖြတ်သန်းခွင့်ရမှာလဲ...)

Soekjin တစ်ယောက်ထဲထိုင်နေရင်း
မတွေးချင်တဲ့အတိတ်အချို့က မှတ်ဉာဏ်ထဲ ပြန်၍ဝင်လာပြန်သည် ။
မထင်မှတ်တဲ့ ဝင်လာတဲ့ မှတ်ဉာဏ်တစ်ချို့ကြောင့်မဖိတ်ခေါ်ပဲ သူ့ဘဝထဲဝင်လာတဲ့သူကို သတိရသွားပြန်သည် ။

" Soekjin..."

သူ့နာမည်ကိုတစ်ယောက်ယောက်ကခေါ်လိုက်တာမို့ လှည့်ကြည့်လိုက်ရာ
Taehyung ဖြစ်နေသည် ။

" မင်းမအိပ်သေးပဲ..ဘာလုပ်နေလဲ.."

" မအိပ်တာမဟုတ်ပါဘူး...အိပ်မက်ကလန့်နိုးပြီး
ပြန်အိပ်လို့ မရတော့လို့ ..ခဏလာထိုင်နေတာ..."

"မင်းရော ..ဘာထွက်လုပ်တာလဲ..."

" အပေါ့သွားချင်လို့..ထလာတာ..."

" သွားလေ...ဂရုစိုက်သွားဉီး.."

" အင်း....မင်းလဲအကြာကြီးမနေနဲ့ဉီး
မနက်စောစောထရမှာ.."

" ခဏနေရင်...ဝင်မယ်..."

Taehyung ပြောစရာရှိတာပြောခဲ့ပြီးထွက်သွားတော့သည် ။
Soekjin ခဏအကြာသူ့ရဲ့ တဲထဲသို့ပြန်ဝင်သွားတော့သည် ။

Dust on the ShoulderWhere stories live. Discover now