Episode 6

257 52 11
                                    

"ဟုတ်တယ်...ငါက Gay လေ ”

အံ့သြတာရော ၊ ချက်ချင်းလက်မခံနိုင်ရောကြောင့် Taehyung ခဏလောက်ငြိမ်နေမိသည် ။ ဘယ်လိုစကားလုံးမျိုး ပြန်ပြောရမယ်ဆိုတာလည်း ချက်ချင်းမတွေးမိပါ ။

“ မင်းငါ့ကို ရွံသွားပြီ ထင်တယ်...taehyung ”

“ မဟုတ်ဘူး...မဟုတ်ဘူး...ရုတ်တရက်ငါလက်ခံဖို့ခက်ခဲနေတာပဲရှိတာ..မင်းကို ရွံတာမျိုးလုံးဝ မဖြစ်ဘူး ...”

“ အင်းလေ...ငါ့ကို ဘယ်သူကမှ gay လို့
ထင်တာမှ မဟုတ်တာ ”

“ ဟုတ်တယ်...ငါသိထားတဲ့ Gay ဆိုတာ
မိန်းမလိုတွေ ဝတ်စားပြီး အရမ်း...ဘယ်လိုပြောရမလဲ...”

“ လက်ရဲတာကိုပြောတာမလား...”

“ ဟုတ်တယ်...ငါလက်ခံထားတဲ့ Gay ဆိုတာ
အဲ့လိုမျိုးလေ...အခုမင်းကအဲ့လိုမှ မဟုတ်တာ ”

“ ပြောရခက်သားကွာ...ငါက Gay ဆိုပေမယ့်လည်းအဲ့လိုမျိုးနေထိုင်ချင်တာမျိုးတော့လည်းမဟုတ်ဘူး မိန်းကလေးတွေကို စိတ်မဝင်စားတာ တစ်ခုပဲ ကျန်တာက‌တော့ ‌ယောကျ်ားတစ်ယောက်လိုပါပဲ ဒါကို လူတွေက Gay ဆိုတာနဲ့ စောနမင်းပြောတဲ့ စကားလုံးတွေအောက်ကို ဆွဲသွင်းပြီး လူ့ပတ်ဝန်းကျင်ကနေ
ဖယ်ထုတ်ကြကုန်‌ရော....”

“ မင်းကိုယ်မင်း ဘယ်အချိန်မှာ သတိစထားမိတာလဲ ...”

“ အသက် 15 လောက်မှာစ သတိထားမိတာပဲ..”

“ ဘယ်လိုစသတိထားမိတာလဲ ”

“ Sexual Dream တွေမက်တယ်...
မက်တိုင်းလည်း အိပ်မက်ထဲမှာ မိန်းကလေး
တွေနဲ့ မဟုတ်ပဲ ‌ယောကျ်ားလေး ဖြစ်နေတယ်
ပြီးတော့ အဲ့ ယောက်ျားလေးကလည်း အတန်းထဲမှာငါခဏခဏ သတိထားမိနေတဲ့ သူဖြစ်နေတယ် ”

“ မင်း...အဲ့လိုတွေသိတော့ ကိုယ့်ကိုကိုယ်‌ရော
လက်ခံနိုင်လား ”

“ စစချင်းတော့ ခက်ခဲတာပေါ့...
နောက်ပိုင်း ကိုယ့်ဖြစ်တည်ကိုမှုကိုယ်တိုင်
လက်ခံလာပါတယ်...”

“ စောနက မင်းပြောသလို မင်းအကြောင်းကို
သိကြတော့ လူတွေက မင်းအနားကနေ ဖယ်သွားကြတယ်ဆို....”

“ ဟုတ်တယ်....ငါနဲ့ပတ်သတ်မယ့်သူမရှိတော့ဘူး
Minho ကတော့ ငါ့ရဲ့ ဖြစ်တည်မှုကို  လက်ခံပေးပါတယ် တစ်ချို့ကလည်း ရွံကြသလို တစ်ချို့ကျ‌တော့လည်း လှောင်ကြတာပေါ့ကွာ...အဆိုးဆုံးကတော့ ငါအိမ်သာသွားတဲ့အခါ တစ်ချို့ကောင်တွေက ထိကပါးရိကပါးတွေ
ပြောဆိုပြီး လာထိတွေ့တာပဲ....”

Dust on the ShoulderWhere stories live. Discover now