Episode 5

362 53 26
                                    

စာကြည့်တိုက်ထဲမှာ ဆေးပညာရပ်ဆိုင်ရာ
လိုအပ်တဲ့စာအုပ်တွေရှာဖတ်နေရင်း အချိန်ဘယ်လိုကုန်သွားမှန်းမသိ ။ စာလေ့လာနေရင်း ဖုန်းကိုကြည့်လိုက်တော့
miss call 7 ဆီးကြိုနေသည် ။

" ဟ...သွားပြီ..သွားပြီ.."

စာအုပ်တွေအမြန်သိမ်းပြီး စာကြည့်တိုက်ထဲမှ အမြန်ထွက်ကာ miss call ပိုင်ရှင်ဆီ ဖုန်းပြန်ခေါ်ရ
တော့သည် ။

" Hello .. Taehyung ....ငါစာလုပ်နေလို့
မင်းဖုန်းခေါ်တာ မကြားလိုက်ဘူး...ဘာပြောမလို့လဲ"

" ငါခေါ်တာ 7 တောင်နော် ...မင်းသိလား "

" သိပါတယ်ကွာ...ငါဖုန်းအသံပိတ်ထားလို့မကြား
လိုက်တာ...တွေ့တွေ့ချင်းမြန်မြန်ပြန်ခေါ်တာ...
ပြောလေ...ဘာကိစ္စရှိလို့လဲ "

" မနက်ဖြန်အားလား....မအားဘူးမပြောနဲ့နော်
ကျောင်းပိတ်ရက်ကြီး ဟေ့ရောင်.."

" အားပါတယ်ကွာ...ဘာလုပ်မလို့လဲ "

" ပျင်းလို့ hang out လုပ်မလို့လေ..."

" ဒါများ...မင်းရည်းစားနဲ့သွားပေါ့..."

" ငါမင်းနဲ့သွားချင်တာ..ပြီးတော့ပြောစရာလည်း
ရှိတယ်...မနက်ဖြန်ညနေတွေ့မယ်ကွာ..ငါလာခေါ်
မယ်..အဆောင်ကိုပဲလာခေါ်မယ်.."

" အေးအေး...ငါ ready ပြင်ထားမယ် "

" Okay ..see you.."

Soekjin လည်းဖုန်းချပြီး ပြန်လှည့်လိုက်တော့

" ဟိတ်....."

" အမေ့...."

Soekjin စစချင်းလန့်သွားပေမယ့် သေချာပြန်ကြည့်
လိုက်တော့ သူ့ကို လန့်အောင်လုပ်တဲ့သူက Taehyung ဖြစ်နေသည် ။

" Taehyung ...မင်းဘယ်လိုလုပ်ပြီး..."

" ဒီလိုပဲလေ...မင်းမှဖုန်းမကိုင်တာ
အဲ့တော့လူကိုယ်တိုင်ရောက်လာရတာ‌ပေါ့...
ပြီးတော့ မင်းကျောင်းမှာ တကယ်ရှိမရှိလာ
ချောင်းတာလေ.."

" ဖြစ်ရမယ်...မင်းလိုငပွေးများထင်နေလား "

" သိတယ်...မင်းငါ့လိုမလည်လို့ ငါက Take care
လုပ်ပေးနေတာ "

" ဟင်...ဘာဆိုင်လဲ.."

" ဆိုင်တယ်လေ....တော်ကြာရောင်းစားခံရရင်
ဘယ်လိုလုပ်မလဲ "

Dust on the ShoulderWhere stories live. Discover now