Episode 18

524 57 22
                                    


ရက်သတ်တစ်ပတ်အကြာ Tsuki တစ်ယောက်
Taehyung ဆီမှာနေပြီး Taehyung ရဲ့
လှုပ်ရှားမှုတွေ လုပ်ကိုင်ပုံတွေ ပတ်ဝန်းကျင်ပေါ်ထားတဲ့ စိတ်နေသဘောထားတွေမေးမြန်းရိုက်ကူးပြီးသည့်နောက်မှာတော့ ဒီနေ့ဆိုရင်
Taehyung ဘာလို့ ဇာတ်မြှုပ်နေရတဲ့
အကြောင်းကိုမေးတော့မှာဖြစ်ပါတယ် ။
Taehyung ကလည်း Tsuki မေးမယ့်
အကြောင်းအရာကို ကြိုပြောထားတာမို့
သိပြီးနေပါပြီ ။

" အစ်ကို..ကျွန်တော်စမေးတော့မယ်နော်..."

" omm..."

Tsuki သည် Video Camera လေးကို
stan နဲ့ထောင်ပြီး Taehyung ဆီချိန်ထားလိုက်သည် ။ Taehyung ကတော့ ခုံလေးမှာထိုင်ပြီး
Tsuki မေးသမျှဖြေရန်စိတ်အာရုံစိုက်လိုက်
ပါသည် ။

" အရင်ဆုံး ထပ်ပြီး ကိုယ့်ကိုကိုယ်
မိတ်ဆက်ပေးပါဦး အစ်ကို.... "

" ကျွန်တော့်နာမည် Kim Taehyung
လို့ခေါ်ပါတယ်...အခုလက်ရ်ှိအလုပ်ကတော့
သီးနှံစိုက်ခင်းစိုက်ပျိုးရင်း အသက်မွေးဝမ်း
ကြောင်းပြုနေပါတယ် "

" လွန်ခဲ့တဲ့ ၇ နှစ်တုန်းက အစ်ကိုက
အောင်မြင်ပြီးလူကြိုက်များခဲ့တဲ့
ခရီးသွားမှတတမ်းရိုက်ကူးသူဖြစ်ခဲ့
တယ်နော်.."

" အင်း... ဟုတ်ပါတယ်.."

" ဒီလောက်အောင်မြင်ပြီး ဝါသနာပါတဲ့
အလုပ်ကိုဘာလို့များရပ်ပြီးအခုလ်ို
ဇာတ်မြှုပ်ပြီးနေရတာလဲဗျ..."

"...."

Taehyung ​ဖြေဖို့အတွက်နည်းနည်းတော့
ခက်ခဲနေခဲ့သည် ။ ထုတ်မပြောတာကြာပြီ
ဖြစ်တာကြောင့်အခုလ်ိုနှစ်ကြာမှပြန်လည်
ဖွင့်ဟရမည့်ခံစားချက်က တစ်မျိုးဖြစ်စေ
သည်။

" အစ်ကို..."

" ကံကြမ္မာ နဲ့ စိန်ခေါ်မှုတစ်ခုလုပ်ခဲ့လို့ပါ..."

Taehyung ရဲ့ထူးဆန်းတဲ့စကားကြောင့်
Tsuki မျက်ခုံးတောင်တွန့်မိသည်။

" ဘယ်လို...စိန်ခေါ်မှုလဲအစ်ကို..."

" အချစ်ပေါ်အရင်းတည်ပြီးလုပ်ခဲ့တဲ့
စိန်ခေါ်မှုတစ်ခုပါ "

ဒီတစ်ခါတော့ Tsuki မျက်ခုံးပင့်မိသွားသည်။
Taehyung လိုအေးစက်စက်လူဆီကအချစ်စကားကြားရတော့မအံ့မသြပဲမနေနိုင် ။

Dust on the ShoulderWhere stories live. Discover now