Episode 15

297 55 23
                                    

အပြင်ကိုခဏထွက် အသက်ကိုဝအောင်ပြန်ရှုပြီး
စိတ်တင်းလျှက်ပဲ Soekjin အခန်းထဲ ပြန်ဝင်လာ
သည် ။

" ဆေးရုံကလှန်းဆက်တာ
အရေးကြီး operation ပေါ်လာလို့
on call ( အရေးပေါ်ခေါ်ယူခြင်း)
ခေါ်နေလို့ ငါအခုသွားရမယ် "

" ငါကားမောင်းလိုက်ပို့မယ်လေ
Soekjin "

" ရတယ်..Minho
ငါ Taxi နဲ့သွားလိုက်မယ် "

Taehyung ကတော့ Soekjin ​ပြောသမျှကို
ကြားပေမယ့်လည်းမသိချင်ယောင်ဆောင်ကာ
နေနေသည် ။

" အေးအေး..ဂရုစိုက်သွားဦး "

Soekjin အခန်းထဲက ထွက်သွားတော့
Minho Taehyung ကိုအားမရစွာ ကြည့်မိ
ပြန်သည် ။ စောနက Soekjin အခန်းထဲက
ထွက်သွားတုန်းက Taehyung ကိုယ်တိုင်
အကြည့်မခွာနိုင်ပဲ လိုက်ကြည့်နေတာကို
Minho ကိုယ်တိုင်မြင်ခဲ့ရသည် ။ သူတို့
နှစ်​ယောက်က ဒီလိုဆက်သွားနေမယ်ဆို
အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်ဖို့ပဲ
ရှိကြတော့သည် ။ အစကတော့ သူတို့နှစ်ယောက်
ကြား Minho ဝင်ပါဖို့စိတ်ကူးမရှိပေမယ့်
အခုတော့ မပါလို့မဖြစ်တော့တာမို့ ဒီဇာတ်ကို
Minho ဝင်ကူမှရတော့မည် ။ အခုကတော့
စားသောက်နေကြတာမို့ နောက်အားတဲ့အခါ
ပြောပြရန်စိတ်ကူးထားလိုက်တော့သည် ။

အားလုံးစားသောက်ပြီးကျတဲ့အချိန်
Taemi နဲ့ Yoona တို့က​​ ပြန်သွားပြီး
Saran က သန့်စင်ခန်းသွားတဲ့အချိန်မှာ
Minho Taehyung ကိုမေးတော့သည် ။

" မင်း Saran ကိုချစ်ရဲ့လား "

Taehyung ကိုင်လက်စခွက်ထဲကအရက်တွေကို
အကုန်မော့သောက်ပစ်လိုက်ပြီး Minho
အမေးကိုပြန်ဖြေတော့သည် ။

" ချစ်ပါတယ်..."

" Soekjin ကိုရော..."

Minho အမေးစကားကိုကြားလိုက်တော့
Taehyung အရက်ခွက်ကိုကျစ်ကျစ်ပါအောင်
ဆုတ်ကိုင်ရင်း အောက်နုတ်ခမ်းအတွင်းသား
တွေကိုပျက်လုမတတ်ဖိကိုက်ကာ နေမိသည်။

" မင်း Soekjin ကိုရွဲ့ချင်ရုံနဲ့တော့
Saran ကို လက်မထပ်သင့်ဘူး
တစ်ယောက် နဲ့ တစ်ယောက် နာကျင်တွေ
ဒီလောက်ပေးရရင်တော်ရောပေါ့..
အခုက Saran က ကြားထဲကနေပါလာပြီလေ "

Dust on the ShoulderWhere stories live. Discover now