Episode 7

230 45 10
                                    

Soekjin ရထားသာစီးပြီးထွက်လာရတယ်
စိတ်ကတော့ ဘူတာမှာကျန်ခဲ့ဆဲ...။
ငေးရင်းတွေးရင်းဆွေးရင်းနဲ့ပဲ ရုတ်တရက်
ဖုန်းသို့အဝင် call တစ်ခုကဝင်လာတော့သည်။
နံပါတ်ကြည့်လိုက်တော့ဖုန်းနံပါတ်အစိမ်းဖြစ်
နေသည်။

" Hello...ဘယ်သူပါလဲ "

" Soekjin...ငါ Saran "

" ဟမ်..."

အခုဖုန်းဆက်တဲ့သူက Saran ဖြစ်လိမ့်မယ်ဆိုတာတော့ Soekjin မထင်ထား ။

" ဘာလို့လန့်သွားတာလဲ Soekjin "

" မလန့်ပါဘူး...ရုတ်တရက်
အံသြသွားရုံပဲ...နင်ဘာပြောစရာရှိလို့လဲ "

" ငါ လိုရင်းပဲပြောမယ်
နင့်ရဲ့လျှို့ဝှက်ချက်ကိုငါသိတယ် "

" ဘာလျှို့ဝှက်ချက်လဲ..ငါဘာမှမလျှို့ဝှက်
ထားဘူး Saran "

" နင်က Gay နေတာလေ..."

" နင်မှားနေပြီ...ငါ Gay ဆိုတာမှန်တယ်
ဒါပေမဲ့ လူအသိမခံနိုင်တဲ့ကိစ္စတော့မဟုတ်
ဘူး ငါ့ဖြစ်တည်မှူငါကျေနပ်တယ်
လက်ခံတယ် ငါ့ဆီဖုန်းဆက်တာ
ဘာဖြစ်ချင်တာလဲ "

" နင် Taehyung ကိုမမြူဆွယ်ပါနဲ့
သူငယ်ချင်းလိုပဲနေပေးပါ..."

" ဟ...ငါကမြူဆွယ်စရာ
ဘာအကြောင်းမှမရှိဘူး
နင့်ရည်းစားက ငါ့လိုGay ကိုလည်း
စိတ်မဝင်စားဘူး Saran "

" သူစိတ်မဝင်စားဘူးဆိုတာငါသိတယ်
နင်တို့လို Gay တွေက လိုချင်တာရှိရင်
မရရအောင်ရတဲ့နည်းနဲ့ယူတတ်တာလေ
နင်ငါ့လက်ထဲက Taehyung ကိုမလုယူ
ဘူးလို့ဘယ်သူပြောနိုင်လဲ...နင်ကရော
ကိုယ့်ကိုကိုယ် အာမခံရဲလား... နင့်သိက္ခာနင်
ယုံလား "

" နင်ငါ့ကို Taehyung နဲ့အနေဝေးဝေး
နေစေချင်ရင်လည်းပြောပါ..ငါ့သိက္ခာ
ငါ့ဖြစ်တည်မှုကိုတော့စော်ကားနေစရာ
မလိုဘူး "

" မနေ့ကငါနဲ့ Taehyung
စကားများတယ် နင့်အကြောင်းပြောရင်းနဲ့
ငါ့ကိုတစ်ခါမှ မအော်ဖူးတဲ့သူက
နင့်အတွက်နဲ့ငါ့ကိုအော်တယ်
နင့်အတွက်နဲ့ကိုယ်ထိလက်ရောက်
ငါ့ကိုဆက်ဆံတယ်...နင့်နေရာမှာ
မိန်းမဖြစ်နေရင်တောင်ငါခံသာ
သေးတယ်..အခုကနင့်လို Gay နဲ့
ငါ့ကိုယှဥ်ဆက်ဆံနေတာမျိုးငါမလို
ချင်ဘူး ".

Dust on the ShoulderWhere stories live. Discover now