Episode 16

356 54 33
                                    

( 7 ) နှစ်ခန့်ကြာသောအခါ
***********************

လူတစ်ယောက် Duty coat အဖြူလေးဝတ်ကာ
စားပွဲခုံတွင်ထိုင်ပြီး ဆေးဝါးများနဲ့ပတ်သတ်သော
ဆောင်းပါးများကို စာရင်းပြုစုနေသည် ။
ဆောင်းပါးရေးနေရင်း မှန်အကြည်ပြတင်းပေါက်
ကနေအပြင်ကို ငေးမိတော့ အလွန်ပင် ကျော်ကြားလှတဲ့ Sydney မြို့တော်ကြီးရဲ့
အလှအပနဲ့ ခမ်းနားမှုကို ဆီးကြိုနေပြန်သည်။
ဆောင်းပါးရေးနေသူရဲ့ စားပွဲခုံပေါ်မှာ
စနစ်တကျထွင်းထားသော စာလုံးတွေနဲ့
နာမည်တစ်ခုကနေရာယူနေသည် ။
ထိုနာမည်က

" နှလုံးအထူးကု ပါရဂူ doctor
Kim Soekjin "

" dok..dok..."

" ဝင်ခဲ့ပါ..."

" Professor  Doctor Kim... ဆေးရုံအုပ်
ခေါ်နေပါတယ်..."

" OkOk..လာခဲ့မယ်..."

ရေးလက်စ ဆောင်းပါးကိုခဏရပ်ထားပြီး
Professor ကြီးခေါ်နေတာကြောင့် ရုံးခန်းကို
အပြေးအလွှားသွားရတော့သည် ။ ဆေးရုံအုပ်
ရုံးခန်းကိုဝင်ခါနီး တံခါးခေါက်အသိပေးကာ
ဝင်လို့ရပြီဆိုမှ အထဲကိုဝင်သွားတော့သည် ။

" ထိုင်ပါ Doctor Kim "

" ဟုတ်ကဲ့..."

ဆေးရုံအုပ်သည် အံ့ဆွဲထဲမှ စာအိတ်အဖြူလေး
ကိုယူပြီး မျက်နှာမကောင်းစွာဖွင့်ဖတ်မိသည်။
အမှန်ဆို ဒီစာအိတ်ကို ဆေးရုံက်ိုအရင်ရက်တွေ
ကတည်းက ဖတ်ပြီးသား ။ အခုထပ်ဖတ်ရတဲ့
အကြောင်းအရင်းကတော့ သူ့ရှေ့မှာထိုင်နေတဲ့
Doctor Kim ကြောင့်ပါ ။

" ကျွန်တော် ဒီတစ်ခါ Transformer စာကို
တော့ခွင့်ပြုပေးရမှာ စိတ်တော့မကောင်းတာ
အမှန်ပဲ Professor Kim... ခင်များလို
ဆရာဝန်မျိုးကို ကျုပ်လက်လွှတ်လိုက်ရမှာ
တော့နှမြောမိတယ် "

ဆေးရုံအုပ်ကြီးစကားကိုကြားတော့ Soekjin
နုတ်ခမ်းလေးကွေးရုံပြုံးပြပြီး စကားပြန်
ပြောလိုက်သည် ။

" ကျွန်တော်လည်းကျွန်တော့်မွေးရပ်မြေကို
ပြန်ပြီးအလုပ်အကျွေးပြန်ပြုရဦးမယ်မလား
ဒါနိုင်ငံသားတိုင်းလုပ်သင့်တဲ့စည်းကမ်းပဲလေ "

" ခင်များရဲ့ အသိစိတ်ဓာတ်ကိုတော့
ကျူပ်တကယ်လေးစားတာအမှန်ပဲဗျာ...
ခင်များရဲ့တပည့်တွေဆိုကျုပ်ဆီစာတောင်
တင်ကြတယ်သိလား..ခင်များ Transformer
စာကိုပယ်ချဖို့လေ ဟား...ဟား.."

Dust on the ShoulderWhere stories live. Discover now