Episode 8

260 46 15
                                    

Taehyung နဲ့ Minho ကော်ဖီအတူတူထိုင်သောက်ရင်း Minho ပြောပြတဲ့သူ့ရဲ့အတိတ်
ကအကြောင်းကိုနားထောင်မိပြီး Taehyung
ရဲ့စိတ်ထဲတွေးစရာတွေများလာခဲ့သည် ။
ပြန်လာသည့်လမ်းတောက်လျှောက်မှာလဲ
အဲ့ဒီအကြောင်းကိုပဲခေါင်းထဲရောက်နေ
သည် ။

( အချစ်ကအဲ့လောက်ထိ စွမ်းအား
ပြင်းတာလား..အချစ်ဆိုတာတကယ်ပဲ
ရှိတာလား... တကယ်ချစ်ရင်အရာရာ
ပေးဆပ်နိုင်တယ်ဆိုတာ တကယ်ပဲလား )

အချစ်ဆိုတာလုံးဝမယုံကြည်တတ်တဲ့ Taehyung အဖို့ကတော့ Minho က
အချစ်ဇာတ်လမ်းလေးကြောင့် တကယ်
အချစ်စစ်နဲ့ချစ်ကြတဲ့သူတွေရ်ှိပါလားဆိုတဲ့
အသိတစ်ခုကလည်းသူ့အသိဆီ တိတ်တဆိတ်
တိုးဝင်လာခဲ့သည် ။

( Minho တစ်ခါပြောဖူးတယ်
လူတိုင်းတစ်သက်မှာတစ်ခါ ရင်နဲ့ရင်းပြီး
ချစ်ရတဲ့သူတစ်ယောက်ရှိကိုရှိတယ်တဲ့
ငါရော အဲ့လို အချစ်မျိုးနဲဲ့ကြုံရမှာလား
ငါကိုယ်တိုင်ကရော အဲ့လောက်ထိလူတစ်
ယောက်ကိုချစ်နိုင်ပါ့မလား...ချစ်ရော
ချစ်မိပါ့မလား... မဖြစ်နိုင်ပါဘူး
Minho သက်သက်မဲ့ငါ့ကို psycho
ဖောက်လိုက်တာ)

Taehyung ဆက်တွေးမနေတော့ပဲ
အိမ်ကိုပြန်လာလိုက်သည် ။ မနေ့ကတည်းက
အိမ်မပြန်ရသေးတာမို့ ရေချိုးအဝတ်စားလဲ
ပြီး စာကြည့်စားပွဲတွင်ခဏထိုင်ပြီး အလုပ်နဲ့
ပတ်သတ်နဲ့စာတစ်ချို့ကိုလေ့လာနေသည် ။
စာလုပ်နေရင်း Saran ဆီဖုန်းဆက်ပြီး
အကျိုးအကြောင်းမေးဖို့သတိရတာမို့
ဖုန်းဆက်လိုက်ပါသည် ။

" သက်သာလား Saran "

" ဟုတ်...သက်သာပါတယ်
Saran ညနေလောက်ကြရင်တောင်
ဆေးရုံကနေဆင်းလို့ရပြီတဲ့..."

" အင်း...ဒါဆိုကိုလာခေါ်မယ် "

" ဟုတ်...စောင့်နေမယ်နော် "

" Omm..ညနေတွေ့မယ် "

" ဟုတ်..."

Saran လည်းဖုန်းချလိုက်တော့ လူနာသတင်းမေးရောက်လာတဲ့ Taemi က
မေးတော့သည် ။

" နင့်ရည်းစားလား "

" ဟုတ်တယ်..ငါသက်သာလား
လှမ်းမေးတာ "

" နင်တစ်ယောက်လုံးဆေးရုံတက်
နေတာတောင် နင့်အနားလာမနေဘူးနော်  "

Dust on the ShoulderWhere stories live. Discover now