Episode 12

281 58 14
                                    

ကျွန်တော်တို့လူတွေဟာ
တစ်ယောက်နဲ့တစ်ယောက်
မွေးဖွားလာပုံ ၊ ကြီးပြင်းလာရပုံ ၊ ပတ်ဝန်းကျင်
မှာ ရှင်သန်ပေါက်ဖွားရတဲ့ပုံ စသဖြင့် ပုံစံမျိုးစုံ
စရိုက်မျိုးစုံနဲ့ လှုပ်ရှားနေကြရတာပဲ ။
ရှင်သန်ရတဲ့ပုံစံတွေလည်းမတူညီကြပါဘူး ။
ကိုယ့်အတွက်က ကိုယ်ကိုတိုင် ထုဆစ်ပြီး
ရှင်သန်ရတဲ့သူတွေရှိသလို ၊ ကိုယ့်မိသားစု
ကိုယ့်ကိုချစ်ရသူတွေအတွက် ရှင်သန်ရတဲ့သူ
တွေလည်း ရှိကြပါတယ် ။ ကျွန်တော့်မှာ
နောက်ကြောင်းလှည့်ကြည့်ရမယ့် မိသားစု
မရှိပေမယ့်လည်း ကျွန်တော့်ဘဝမှာ
စိတ်တိုင်းကျ ဆုံးဖြတ်လို့မရတဲ့ကိစ္စတွေ
လည်းရှိနေပြန်တယ်...။

ကျွန်တော်က မိဘမဲ့တစ်ယောက်ပါ...။
ကျွန်တော့်မိဘတွေသေသွားတာလား
ကျွန်တော့်ကို စွန့်ပစ်သွားတာလားတော့
အခုထိကိုသေချာမသိပါဘူး ။ ကျွန်တော်
မှတ်မိတာကတော့ ကျွန်တော်ငယ်ငယ်က
မိဘမဲ့ကျောင်းကနေ အဘိုးကမွေးစားခဲ့
တာပါပဲ...။ ကျွန်တော်ရဲ့ငယ်ငယ်က
ဦးနှောက်မှတ်ဉာဏ်က တခြားကလေးတွေ
ထက်စာရင်မကောင်းခဲ့ဘူး ။ ဒါကြောင့်
ကျွန်တော်ဘယ်လ်ိုပုံစံနဲ့မိဘမဲ့ကျောင်းကို
ရောက်လာတယ်ဆိုတာတော့မမှတ်မိခဲ့ဘူး ။
အဘိုးက ကျွန်တော့်ကိုမြေးအရင်းတစ်ယောက်
ပြုစုရင်း ၊ သွန်သင်ခဲ့တယ် ။ အထူးသဖြင့် အဘိုးက လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေ ၊ ဝတ္တရား
တွေနဲ့ပတ်သတ်ပြီးသေချာသင်ပေးသွားခဲ့တယ်။

ဒါကြောင့်လည်း အဘိုးဆုံးမခဲ့တဲ့အတိုင်း
ကျွန်တော်လုပ်သင့်တာတွေကို မျက်စိမှိတ်ပြီး
လုပ်ခဲ့ပါတယ် ။ ကျွန်တော်မကြိုက် မနှစ်သက်တဲ့
အရာမဟုတ်ရင်တောင်မှပေါ့ ။ အလယ်တန်းနောက်ဆုံးနှစ်မှာ အဘိုးဆုံးပါး
သွားခဲ့တယ် ။ အဘိုးကသူမဆုံးခင်မှာ
သူ့ရဲ့ တပည့်အရင်းဖြစ်တဲ့ ဥ်ီးလေး Han Sung
လက်ထဲကျွနတော့်ကိုအပ်သွားခဲ့တယ်။
ဦးလေး Han Sung ကလည်း အဘိုးနဲ့ဆရာ
တပည့်ဆက်ဆံရေးဆိုပေမယ့် တကယ့်သွေး
ရင်းသားရင်ပမာ ဂရုစိုက်ပြီး ချစ်ခင်ခဲ့ကြ
တယ် ။ အဘိုးမှာထားခဲ့သလိုပဲ ဦးလေးက
ကျွန်တော့်ကိုသားပမာပြုစုခဲ့ပါတယ်။
ဒါပေမဲ့လည်း အမျိုးသမီး အန်တီ Anna
ကတော့ ဦးလေးလိုတော့ကျွန်တော့်အပေါ်
မနွေးထွေးပေးခဲ့ပါ ။

Dust on the ShoulderWhere stories live. Discover now