Episode 9

309 48 24
                                    

ညနေဘက်လောက်ကျတော့ ဒဏ်ရာရလူနာတွေကို ဆေးကုဆေးထည့်လို့ပြီးသွားတော့သည် ။
ဆရာဝန်တွေ သူနာပြုတွေလည်းတကယ်ကို
ပင်ပန်းနေပြီဖြစ်သည် ။ Taehyung ကတော့
ပတ်တီးကူစည်းပေးတာတို့ ဆေးပစ္စည်းတွေ
ဆေးကြောပေးတာတို့ ကူ၍ဝိုင်းလုပ်ပေးသည်။
Soekjin နဲ့တော့စကားသေချာမပြောသေး ။
Taehyung ကအခုထိစိတ်မပြေသေးတာမို့
လုပ်စရာရှိတာ လုပ်ကိုင်ပေးပြီး ရုပ်တည်ကြီး
နဲ့နေနေသည်။

" ငါ ward ထဲမှာ round လှည့်လိုက်ဦးမယ်
မင်းဒီမှာနားနေခဲ့လေ..."

" ရတယ်...လုပ်စရာရှိတာ လုပ် "

" အင်း...ခဏပဲနော်..."

Soekjin လည်း round လှည့်ရန်ထွက်သွား
တော့ Taehyung လည်းဆေးရုံထဲမနေချင်
တာနဲ့ ဆေးရုံအရှေ့နားကိုလမ်းလျှောက်
ထွက်လာတော့သည် ။ Soekjin တို့ဆေးရုံက
တောင်ကုန်းတက်လေးမှာရ်ှိနေတော့ အပေါ်စီး
ကကြည့်ရင် မြင်နေရသည်။ မုန်တိုင်းပြီးခါစ
အချိန်အခါဆိုတော့ မြို့၏အလှသည်
အကျည်းတန်စရာတော့ကောင်းနေသည်။
ဆေးရုံရှေ့က ချယ်ရီပင်ရဲ့အောက်မှာခုံတန်း
လေးတစ်ခုရှိတာကို ဆေးရူံဝင်လာကတည်းက
မြင်လိုက်ရတာမို့ အခုလည်းအဲ့ဒီကိုလာသာ
ထိုင်နေတော့သည်။

" သားလေး...နေရတာအဆင်ပြေရဲ့လား..."

အနောက်ကနေအသံကြားလို့ လှည့်ကြည့်
လိုက်ရာ စောနက Soekjin နဲ့ကူပေးတဲ့
ဆရာဝန်မလေးကဖုန်းပြောနေတာတွေ့
လိုက်ရသည် ။ ဆရာဝန်မလေးကပြုံးပြ
တော့ Taehyung လည်းခေါင်းလေးညိတ်ပြ
ကာ ပြုံးပြလိုက်ပါသည် ။

" သား ပြေပါတယ် မားရဲ့..
မားရော အဆင်ပြေလား "

" ဒဏ်ရာရတဲ့သူတော့များတယ်သားရဲ့..
ဆရာဝန်တွေလည်းအလုပ်ကိုရှုပ်သွားတာပဲ..
သားအိမ်မှာတစ်ယောက်တည်းလား
သား အဖေတွေရော "

( ဟမ်...အဖေတွေ)

ထိုအသုံးအနှုန်းကို ကြားလိုက်တော့ Taehyung
အံ့သြစွာပဲ Nora ကို ကြည့်မိသည် ။ Nora
က ဘာမှမဖြစ်သလို အေးဆေးနဲ့ပြောနေတော့
Taehyung နားကြားမှားတာနေမှာပါဆိုပြီး
ကိုယ့်ဘာသာဆက်နေလိုက်သည်။

" Pa က ဆေးရုံမှာ Operation ရှိလို့
သွားတယ် Papa ကတော့ ပြပွဲကိစ္စနဲ့
အလုပ်တွေရှုပ်နေပါတယ်.."

Dust on the ShoulderWhere stories live. Discover now