နောက်တစ်နေ့မနက် Taehung ကို
ဆေးရုံကနေအိမ်ကို Soekjin ကိုယ်တိုင်ပဲ
လိုက်ပို့ပေးလိုက်ပါတော့သည် ။" အိမ်ထဲဝင်ဦးလေ.."
" တော်ပြီ..မဝင်တော့ဘူး "
" ဪ..အင်း "
" ဆေးသောက်ဖို့မမေ့နဲ့ဦး Taehyung "
" အင်းပါ...ဂရုစိုက် ပြန်ဦး.."
Taehyung အိမ်ထဲဝင်သွားတော့မှ
Soekjin လည်းပြန်သွားတော့သည် ။
Taehyung နဲ့ Soekjin ဆက်ဆံရေး
သည် အခုထိ တစ်ခုခုကတင်း၍ခံနေဆဲ
ပင်ဖြစ်သည် ။ အရမ်းရင်းနှီးကျွမ်းဝင်မှု
ရှိခဲ့ပြီးမှ အခုလို အေးစက်သွားရတဲ့အပေါ်
ထွေထွေထူးထူးမေးခွန်းသိပ်တော့မရှိ ။
တစ်ချိန်က အတွင်းကျကျ ပတ်သတ်မှု
တစ်ခုကိုသူတို့နှစ်ယောက်မေ့ပစ်သွား
ကြသည်တော့မဟုတ်ခဲ့ ။ မသိချင်ယောင်
ဆောင်ပြီး အေးတိအေးစက်အခြေအနေ
တစ်ခုကိုသာနှစ်ယောက်ကဖန်တီးနေသလို
ဖြစ်နေသည် ။Taehyung အိမ်ထဲဝင်လာတော့ သူ့ရဲ့
ငယ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့အပြင်
ကျောင်းနေဖက်သူငယ်ချင်းတစ်ဦး
ဖြစ်တဲ့ Kira ရောက်နေတာမြင်လိုက်ရသည်။" Kira... မင်းဘယ်တုန်းက
ဂျပန်ကပြန်ရောက်တာလဲ.."" နှစ်လလောက်ရှိပြီ..မင်းကိုရီးယား
ပြန်ရောက်နေတယ်ကြားလို့လာခဲ့တာ
မင်းတောင် Cele ကြီးဖြစ်လို့နော်..
ခေါင်းကဘာဖြစ်တာလဲ "" accident တစ်ခုကြောင့်ပါ..
ဘာမှမဖြစ်ပါဘူး..
မင်းရော..ဘာတွေလုပ်နေလဲ..
အခုပြန်လာရော အပြီးလား
အလည်လား..."" အစက..ဂျပန်မှာပဲနေမယ်လို့
ဆုံးဖြတ်လိုက်ပေမယ့် နေလို့မရတော့တဲ့
အကြောင်းကိစ္စ တစ်ချို့ရှိနေပြန်တယ်.."" ဘာအကြောင်းလဲဟ.."
" ငါဟိုမှာ အလုပ်လုပ်နေရင်း
Foreigner တစ်ဦးနဲ့ ချစ်ဇာတ်လမ်း
လေးဖြစ်ပြီး..ဒီရောက်လာတယ်ဆိုပါ
တော့...ပြောရင်တော့အရှည်ကြီးပဲ
အပြင်မှာအေးဆေးသွားပြောမယ်လေ "" အေးအေး..ငါရေချိုးဦးမယ်ခဏတော့
စောင့်ဦး..နေစမ်းပါဦး.. Foreigner ဆိုတော့
ဘယ်နိုင်ငံသူလေးနဲ့လဲ.."
YOU ARE READING
Dust on the Shoulder
Lãng mạnသူ့အတွက်တော့ ကိုယ်ဟာ.. သူ့ပခုံးလေးပေါ်က ဖုန်မှုန့်လေးတစ်ခုသာ... အချိန်မရွေးအလွယ်တစ်ကူပျောက်သွားနိုင်တဲ့ အရာလေးတစ်ခုသာ....