Episode 17

432 47 12
                                    

" " မဂ်လာပါကျွန်တော့်နာမည်က
Tsuki Tobio ပါ.. ကျွန်တော်က
ကိုရီးယား ဂျပန် ကပြားတစ်ယောက်ပါ...
ကိုယ့်ကိုကိုယ်ပဲ အရင်ဆုံးမိတ်ဆက်ပါရစေ...
ဘာလို့မိတ်ဆက်ရလဲဆိုတော့ ကျွန်တော်က
ဒီဇာတ်လမ်းမှာမရှိမဖြစ်မို့လို့ပါပဲ ....
ကျွန်တော်က ခရီးသွား Vloger ပါ
ခရီးသွားရတာတွေကြိုက်တယ်
နောက်ပြီး document တွေရိုက်ရတာ
ကြိုက်တယ်...ပြီးတော့ကျွန်တော်ကစာရေး
တာလဲ ဝါသနာပါတယ်လေ.  ကျွန်တော်
တွေ့ကြုံရတဲ့အရာတွေ ဆက်ဆံရတဲ့လူတွေ
ထဲမှာ ကျွန်တော့်ကိုဆွဲဆောင်စေတဲ့အကြောင်း
တစ်ခုခုရှိခဲ့ရင် အဲ့ဒီအရာနောက်ကိုမရမက
လိုက်ပြီးကျွန်တော်ဖြစ်ချင်တာရအောင်လုပ်တယ် ကျွန်တော့်မှာ ဇွဲရှိတယ်လေ....
ကျွန်တော့်ကို ခရီးသွား Vloger ဖြစ်
အောင်တွန်းပို့ပေးခဲ့တဲ့သူတစ်ဦးရှိတယ်
သူကတော့ Kim Taehyung ဆိုတဲ့
ကိုရီးယားလူမျိုးပါပဲ...သူသွားလာသမျှ
တွေ သူလှုပ်ရှားသမျှတွေကျွန်တော်အမြဲ
ကြည့်လာခဲ့တာ သူ့ရဲ့ပရိတ်သတ်တောင်
ဖြစ်နေပြီ..ရိုးရိုးပရိတ်သတ်မဟုတ်ဘူးနော်
အမာခံပရိတ်သတ်ဗျ...သူကျွန်တော်ကို
ဘယ်လောက်လွှမ်းမို့လဲဆိုတာ ခင်ဗျားတို့
သိမှာတောင်မဟုတ်ဘူး...သူရုတ်တရက်ကြီး
ပျောက်သွားတဲ့နောက်မှာ ကျွန်တော့်ရဲ့
သိချင်စိတ် သူ့ဘာလို့ပျောက်သွားတာလဲ
ဆိုတဲ့သိချင်စိတ်က ထိန်းမရခဲ့ဘူး...
အဲ့ဒီစိတ်နဲ့ပဲ Kim Taehyung အလုပ်လုပ်
ခဲ့တဲ့ US က ရုံးချုပ်မှာကျွန်တော်အလုပ်
ရအောင်လျှောက်ခဲ့တယ်...ကျွန်တော့်ရဲ့ဇွဲ
ကြောင့်ထင်ပါရဲ့..ကျွန်တော်အလုပ်ရခဲ့တယ်...
ကျွန်တော်ဝါသနာပါတဲ့အလုပ်ဆိုတော့လည်း
ကျွန်တော်ပျော်တယ်လေ...ဒီလိုနဲ့သူ့အကြောင်း
ကိုစပြီးကျွန်တော်စုံစမ်းတော့တာပဲ...."

Tsuki အပါအဝင် တခြားသော Team တွေနဲ့
MD နဲ့အစည်းအဝေးထိုင်နေကြသည် ။
ကိုယ်စီရိုက်မယ့် document တွေအကြောင်း
အသေးစိတ်ကို report လုပ်ရင်း အစည်းအဝေး
ကိုအချိန်ကုန်စေလိုက်သည် ။ အစည်းအဝေး
ပြီးသွားသည့်အခါ ကျန်တဲ့သူတွေက အခန်းထဲ
က ထွက်သွားပေမယ့် Tuski ကတော့အခန်းထဲ
ရှိနေဆဲပင် ။

" ဘာမေးစရာရှိလို့လဲ Tuski "

" ဒီမှာအလုပ်လုပ်သွားတဲ့
Kim Taehyung ဆိုတဲ့ ကိုရီးယား
လူမျိုးကို MD သိလားဟင် "

Dust on the ShoulderWhere stories live. Discover now