မိတ်ဆက်
109K 2.4K 21
Unicode
အိမ်း အဲ့ဒ်ီကလေးမကို ကျုပ်ရဲ့ ပထမဆုံးအမြင်ကတော့ဖြင့် မူယာမာယာများလှလွန်းတဲ့ ပွဲစားကြီးသမီး လူပေါ်ကျော့ မမလေးပေါ့။ ကျုပ် တော်ကောက်ယူမယ့် အဲ့ဒီကလေးမမှာလေ ကျုပ်ကလွဲ လူတကာပေါ် ချိုသာလွန်းတာများ ကျုပ်နှယ်ရည်းစားသညာများရှိလေသလားဆိုပြီး စိတ်တော် ပူပန်ခဲ့ရသေးတယ်။ မဖြစ်‌ချေတော့။ ကိစ္စတွေ အမြန်စီစဉ်မှ တော်ချေမည်။ အခါထူးတဲ့ မင်္ဂလာဦးမှပဲ အဲ့ကလေးမတယောက် ကျုပ်ကို ဘာရယ်ကြောင်များ ငြင်း‌ဆန်နေလဲ အဖြေရချေတော့တယ်။ ဒီကလေးမနှယ် တယ်ခက်သကိုး။
မြို့အုပ်မင်း ဦးဘရှိန်
ဟွန့် ထိုနွားအိုမျက်နုကြိုက်တဲ့ မြို့အုပ်မင်းဦး‌လေးကြီးအပေါ် ကျွန်တော့၏ ပထမဆုံးအမြင်မှာ လူ့ဂွစာကြီးပင်။ သူ့လိုအသက်၄၀စွန်းစွန်း လူအိုကြီးနှင့် ကျွန်တော်လို ဆယ်ကျောက်သက် ကောလိပ်ကျောင်းသူလေး ဘယ့်နှယ်တော် တော်၏ မတော်၏ တွေးနေစရာပင်မလိုပေါင်။ အလိုလေး . ကိုယ့်သား၊ကိုယ့်တူ အရွယ်လေးကိုများ။ ထိုဖအေ ပွဲစားကြီးမှာလဲ အောင်မယ်. ကျွန်တော်ကို သူ့သူငယ်ချင်း ထိုလူအိုကြီးထံ အတင်းသာထိုးပေးနေချေသေးတယ်။ 
လျှမ်းပ
မြို့အုပ်မင်း၏မိန်းမပိုးခြင်းဇာတ်လမ်းလေးစလိုက်ရအောင်။
မြို့အုပ်မင်းတွင် ကောလိပ်ကတည်းက ရင်းနှီးခဲ့သည့် ပွဲရုံပိုင်ရှင်ကြီး ဦးလှမြိုင် ဆိုသည့် သူငယ်ချင်းတယောက်ရှိခဲ့ပြီး ဒီနှစ်တွေမှာ နှစ်အိမ့် တအိမ် ဝင်ထွက်နေခဲ့တာဖြစ်သည်။ ပွဲစားကြီးတွင် သမီးငယ်လေး တယောက်သာရှိပြီး ကဲကဲလှုပ် အလိုလိုက်ထားလေသည်။ အလိုလိုက်ဆို ပွဲစားကြီးနှင့် သူ့အိမ်သူသက်ထားမှာ ကိစ္စတချို့ကြောင့် အဆက်အသွယ်ပျက်သွားခဲ့ပြီး ကလေးမလေး၁၀နှစ်ရောက်မှသာ ပြန်လည်ဆုံစည်းနိုင်ခဲ့တာဖြစ်ပေသည်။ လျှမ်းပ ဆိုသည့် ထို မမလေးမှာ သူ့အား တင်းကျပ်ချုပ်ချယ်သည့် သွေးမတော်သားမစပ် ထိုမြို့အုပ်မင်းအားအမြင်မကြည်ပါပေ။ လျှမ်းပ မှာမွေးကတည်းက လိင်၂မျိုးပါလာခဲ့ပြီး သူ့မိခင်မှလွဲမည်သူမျှမသိပါချေ။ မြို့ထဲတွင် မြို့အုပ်မင်းအားပိုးပန်းကြသည့် ပန်းများအားကျော်ကာ အဘယ်ကြောင့် မိန်မဖြစ်စေ ယောင်္ကျားဖြစ်စေ ယူမရသည့် သူ့ကိုမှ တော်ကောက်ချင်သည်တဲ့။ 
A little bit warning
Punishment type လေးပေါ။ သဘောကျမှဖတ်ပါ။ 
Zawgyicode
လျှမ်းပ
A little bit warning
မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Donde viven las historias. Descúbrelo ahora