- သားငယ် ထတော့လေ
- အွန်း ၅မိနစ်လောက် မား
- မရဘူးနော်။ သားရဲ့ ပါးပါးက သူပေကျင်းသွားရင်း သားကိုပါ လိုက်ပို့မှာတဲ့။
- ဟင် ပါး က ပြောတော့ မအားဘူးဆို
- အဟွင်း သူလား သူ့သားကို တစ်ယောက်တည်း ခရီးလွှတ်မှာ။ ဖြစ်နိုင်ရင် သားကို ဒီက ဆေးရုံမှာပဲ အလုပ်လုပ်စေချင်တာ သားငယ်ပါးပါး က
- မွေးကတည်းက ဒီမြို့မှာပဲ နေလာရတော့ ပျင်းလာပြီ မားနဲ့။ အဲ့တာကြောင့် အသစ်အဆန်း ဖြစ်အောင် သား က ပေကျင်း သွားချင်တာ
စကားတတ်လွန်းသော သားငယ်ရဲ့ အပြောကြောင့် ၀မ်မားမား အသံထွက်တဲ့ အထိ ရယ်လိုက်မိသည်။
ဒေါက် ဒေါက်
- မေမေလေး နဲ့ ငယ်လေး ပါးပါး က လေယာဉ်ချိန် မမှီပဲ နေမယ်တဲ့။ ငယ်လေး အသက်ကဖြင့် ၂၅ ပြည့်တော့မယ်။ အခုထိ ကပ်ချွဲနေတုန်းလား
အခန်းတံခါးဘောင်ကို လက်နဲ့ ထောက်ကာ ခုတင်ပေါ်က သားအမိ နှစ်ယောက်ကို ကြည့်ရင်း ဆိုလိုက်တော့
- ကိုကြီး ကလည်း ကျွန်တော် က အကြာကြီး ခွဲရမှာကို
- မခွဲချင်ရင် ဒီမှာပဲ အလုပ်တတ်လေ။
- ဟွန်း မတတ်ချင်ပါဘူး။
နှာခေါင်းလေး ရှုံ့ကာ အမေဖြစ်သူ ပခုံးပေါ် ခေါင်းမှောက်သွားသော ညီငယ်ကြောင့် ချန်ရီ ပြုံးလိုက်မိသည်။ တကယ့်ပါ ဒီအချွဲတုံးလေး မရှိတော့ရင် အိမ်ကြီး က ခြောက်ကပ်တော့မှာ!!!
- အော် သွားခေါ်ခိုင်းတဲ့ လူက အချွဲတုံးလေး ရဲ့ ချွဲမှုအောက်မှာ မျှောနေပြီပေါ့
အပေါ်ထပ် တတ်လာသော ၀မ်သခင်ကြီး ကပါ ရောက်လာပြီး အရွှန်းဖောက်လိုက်သည်။
- သားငယ် အခုထိ မပြင်ဆင်ရသေးဘူးလား။ လေယာဉ်ချိန် မမှီပဲ နေမယ်နော်။
- ဟုတ်ကဲ့ ပါးပါး သား အခုပဲ ရေချိုးတော့မလို့ပဲ။ မားနဲ့ ကိုကြီး က သားကို စကားတွေ လာပြောနေတာ။ ပါးပါး ဆူလိုက်နော်
- အင်း ပါးပါး ဆူလိုက်မယ်။
ခုတင်ပေါ်မှ ပြေးဆင်းကာ ရေချိုးခန်းထဲ ၀င်သွားသော သားငယ် ကျောပြင်ကို ကြည့်ပြီး ၀မ်သခင်မ သက်ပြင်းချလိုက်သည်။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...