အဖြူရောင်နဲ့ အဝါနုရောင်ကိုသာ သုံးထားသော မင်္ဂလာခန်းမ အတွင်း မင်္ဂလာသံစဥ်ချိုချိုအေးအေးလေးတွေက ပျံ့လွင့်လို့။
ဟိုတယ်၀န်ထမ်းလေးတွေကလည်း ပြာပန်းခတ်စွာ ဟိုသွားဒီသွားနဲ့။ များမကြာမီမှာတင် မင်္ဂလာအချိန် ကျရောက်တော့မှာမို့ ဧည့်ပရိသတ်တို့ကလည်း တဖွဲဖွဲ ရောက်ရှိလာသည်။
- ဖေဖေလေး က အားကြီးချစ်စရာကောင်းတယ်။
မိက်ကပ်အနည်းငယ် လိမ်းခြယ်နေသော ထျန်းဖေး ကို ၀မ်း က သေချာစိုက်ကြည့်ပြီး ပြောလာတာမို့ ထျန်းဖေး ပြုံးလိုက်မိသည်။
- ၀မ်းလေး ပါးပါးနဲ့ Daddy ရော အဆင်ပြေကြရဲ့လား။
- မသိပါဘူး။ အခုတလော ပါးပါး မျက်နှာမကောင်းတာကိုတော့ ၀မ်းလေး သိတယ်။ ပါးပါး မှာ ဘာစိတ်ညစ်စရာ ရှိနေလဲ မသိဘူး။
- အလုပ်မှာ တစ်ခုခု ပြဿနာ ဖြစ်လို့နေမှာပါ။ ၀မ်းလေး ဒီနေ့ အရမ်းလှနေတာပဲ။
အဝါနုရောင် ဂါ၀န် အထပ်ထပ်လေး ၀တ်ထားပြီး မိက်ကပ်ပါးပါးလေး လိမ်းခြယ်ထားတဲ့ ၀မ်းလေး က ဘိုမရုပ်လေး အတိုင်း။ ခေါင်းပေါ်မှာလဲ Crown လေးက တင်ထားသေး။
- တူရီးနှစ်ယောက် ဘာတွေ ပြောနေကြတာလဲ။
- Daddyချန် ဖေဖေလေးက ချစ်စရာလေးနော်။
- ဒါပေါ့ Daddy အချစ်တွေကြောင့် ဖေဖေလေးက ချစ်စရာကောင်းသွားတာ။
၀မ်းလေးမှာ သူ့Daddyချန် စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ကျိုးချန် - ကိုကြီး ပွဲချိန်စတော့မယ် အဆင်သင့် လုပ်ထားကြတော့နော်။ ၀မ်း ပါးပါး နဲ့ အောက်ထပ် ဆင်းကြရအောင်
- ဟုတ်ကဲ့
၀မ်းလေး နဲ့ ကျိုးချန် ထွက်သွားတော့မှ
- ကိုကို ကျိုးကျိုးလေးနဲ့ ဟိုက်ခွမ်း က အခြေအနေ မကောင်းတာလား။
- အင်း
- ဘာဖြစ်ကြတာလဲဟင်။
- ညီငယ် ကို အခုထိ ဟိုက်ခွမ်းက လက်ထပ်ခွင့်မတောင်းသေးလို့။ ညီငယ်ကလည်း သူ့ကို ဟိုက်ခွမ်း က မချစ်တော့ဘူး ထင်နေတာ။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...