ချန်ရီ ရော ကျိုးချန် ကပါ အရင်ရက်တွေက အကြောင်းစုံပြောပြထားတာမို့ ဟိုက်ခွမ်း ကို လက်ခံတွေ့ဆုံဖို့ ဆုံးဖြတ်ထားပြီးသား
အခုတော့ ဘာမှ မပြောမဆိုပဲ သားတော်မောင်နဲ့ မြေးတော်က အိမ်ကို တစ်ခါတည်း အပါခေါ်ချလာတာတော့ မဟုတ်သေးဘူး။
ကျိုးချန် - မား
အမေဖြစ်သူရဲ့ မျက်နှာက သုန်မှုန်နေပြီး ဟိုက်ခွမ်း ကို မကျေနပ်စွာ ကြည့်နေတာမို့ ကျိုးချန် မှာ အမေဖြစ်သူအနားသွားကာ လက်ကလေးကို ဖက်ပြီး မျက်နှာချိုသွေးရတော့သည်။
ကျိုးချန် - မား မျက်နှာက အဲ့လိုကြီး သုန်မှုန်မနေနဲ့လေ။
- မား လက်ခံတွေ့ဆုံဖို့ ဆုံးဖြတ်ထားပြီးသား။ အခုက
ကျိုးချန် - ၀မ်း ကလည်း သူ့Daddy နဲ့
- တော်ပါ ကလေးကိုလွှဲချမနေနဲ့။
အခုထိ အပေါက်ဝမှာ ရပ်နေသော ဟိုက်ခွမ်း နဲ့ ၀မ်း မှာ ၀မ်ယွဲ့အာကို တစ်လှည့် ကျိုးချန် ကိုတစ်လှည့် ကြည့်နေကြသည်။
- ဟိုက်ခွမ်း လာထိုင်လေ ဘာလို့ အပေါက်ဝမှာ ရပ်နေတာလဲ။
စာကြည့်ခန်းထဲမှထွက်လာသော ၀မ်ကျားလော့က ခေါ်လိုက်တော့မှ
ဟိုက်ခွမ်း - ဟုတ်ကဲ့ ဆရာကြီး
- ကျိုးကျိုး ၀မ်းကို သန့်ရှင်းရေးလုပ်ပေးဖို့ လိုက်သွား။
ကျိုးချန် - ဟုတ်ကဲ့
ဝမ်းက သူ့ကိုထိန်းပေးသော နာနီနဲ့အတူ အိမ်အပေါ်တတ်သွားတာမို့ ဟိုက်ခွမ်းဘေး ၀င်ထိုင်ဖို့လုပ်နေသော ကျိုးချန် ကို ၀မ်ယွဲ့အာ နှင်ထုတ်လိုက်သည်။
ကျိုးချန် မှာ စိတ်မချစွာဖြင့် လှည့်ကြည့်လှည့်ကြည့်ဖြင့် အပေါ်တတ်သွားခဲ့သည်။
- မင်းအကြောင်း အကုန်လုံး သိပြီးပြီ။ အခု မင်းဘယ်လို ဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားလဲ။
ဟိုက်ခွမ်း - အမှန်တိုင်း ပြောရရင် ကျွန်တော် အားချန် နဲ့ သမီးလေးကို ကျွန်တော့်အရိပ်အောက်မှာ ထားချင်တယ်။ ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးတစ်ခုကို တည်ဆောက်ချင်ပါတယ်။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...