- သား နေမကောင်းလို့လား။
ကျိုးချန် - ဟုတ်တယ်မား။ ရင်ထဲ တလှပ်လှပ်နဲ့ အားမရှိသလို ခံစားနေရတယ်။ ခေါင်းတွေလည်း မူးနေတယ်။
- ဒါဆို နားနားနေနေ နေလိုက်။ မား စွတ်ပြုတ်လေး ပြုတ်ပြီး ယူလာပေးမယ်။
ကျိုးချန် - ဟုတ်မား
ကျိုးချန် လှေကားပေါ်ကို တစ်လှမ်းချင်းတတ်နေပေမယ့် ခေါင်းက ပိုမူးလာတာမို့ လှေကားလက်ရန်းကို ကိုင်ပြီး တတ်နေပေမယ့် အခြေအနေ က မဟန်တော့ပေ။ နောက်ဆုံး ဘယ်လိုမှ အားမတင်းထားနဲ့တဲ့အဆုံး လှေကားထက်မှ တလှိမ့်ကောက် လိမ့်ကျတော့သည်။
- ညီငယ်!!!
- သား!!!
အခုမှ အပြင်ကနေ ပြန်လာကြသော ချန်ရီ နဲ့ ၀မ်ကျားလော့မှာ လှေကားပေါ်မှ ပြုတ်ကျလာသော ကျိုးချန် ကို အမြန်သွားဖမ်းပေမယ့် အချိန်မမှီလိုက်။
လှေကားခြေရင်းမှာ ပုံကျနေသော ကျိုးချန် ကို ချန်ရီ အမြန်ပွေ့ချီလိုက်ပြီး အပေါ်ထပ်ကို အမြန်တတ်သွားသလို ၀မ်ကျားလော့ကလည်း ဆေးအိတ်ကို အခန်းထဲ ပြန်ယူပြီးနောက် အပေါ်ထပ်ကို တတ်လာခဲ့သည်။
- သားကြီး သားငယ်လေး ကို ကြည့်ပါအုံး ဖြူဖျော့နေတာပဲ။
- မေမေလေး စိတ်အေးအေးထားနော်။ ပါးရော ကျွန်တော်ရော ရှိနေတာပဲ ညီငယ် ဘာမှ မဖြစ်လောက်ပါဘူး။
၀မ်ကျားလော့ ရောက်လာတော့ ကုတင်ပေါ်မှာ လဲလျောင်းနေသော ကျိုးချန် ကို စတင် စမ်းသပ်တော့သည်။ လက်ဖျံမှာ ရှိသော သွေးကြောတို့ကို စမ်းကြည့်ပြီးနောက် မျက်မှောင်တို့ တွန့်ချိုးသွားရသည်။ ထပ်မံသလဲလဲ စမ်းသပ်ကြည့် ပေမယ့် အဖြေက တစ်ခုတည်းတာ ထွက်လာတာမို့ အံကို ခပ်တင်းတင်းကြိတ်လိုက်မိသည်။
- အစ်ကို သားငယ်လေး ဘာဖြစ်လို့လဲ။
- ကျိုးကျိုးမှာ ကိုယ်၀န်ရှိနေပြီ။
- ရှင်!!
ချန်ရီကတော့ မအံ့သြပေ။ အစကတည်းက သိပြီးသား ကိစ္စ ဖြစ်သလို ဆေးကလည်း အချိန်လွန်ပြီးမှ သောက်လိုက်တော့ ကလေးရနိုင်ခြေက 99%ထိကို တွေးပြီးသား
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanficZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...