- ပါးပါး နဲ့ Daddy ကို မေးစရာရှိလို့။
ထမင်းစားခန်းထဲ ၀မ်းလေးရဲ့ အသံထွက်လာတာမို့ အားလုံးက ၀မ်းလေး ကို ကြည့်လာကြသည်။
ဟိုက်ခွမ်း - သမီးက ဘာမေးမှာတုန်း။
- ၀မ်းလေး သူငယ်ချင်းတွေမှာလေ မောင်လေးတွေ ညီမလေးတွေ ရှိကြတယ်။ ၀မ်း မှာကျတော့ ဘာလို့ မရှိတာလဲ ပါးပါး။
၁၃ နှစ်အရွယ် သမီးလေးရဲ့ စကားကြောင့် ကျိုးချန် တို့ အကုန်လုံးဆွံ့အ သွားသည်။
- သူငယ်ချင်းတွေက ကျောင်းလာတိုင်း သူတို့မောင်လေးတွေ ညီမလေးတွေ အကြောင်း ပြောကြတာ အားကျစရာကြီး။ ပါးပါးရော ၀မ်းအတွက် ညီမလေးဖြစ်ဖြစ် မောင်လေးဖြစ်ဖြစ် မွေးပေးပါလားဟင်။
ကျိုးချန် - ပါး...ပါးပါး က အသက်ကြီးနေပြီလေ သမီးရဲ့။
- ဟွန်း အခုမှ ၄၀စွန်းစွန်းလေးပဲ ရှိသေးတာကို။ ၀မ်းသူငယ်ချင်းမေမေဆို ၄၆ နှစ်မှာ သူ့အတွက် ညီမလေး မွေးပေးခဲ့တာတဲ့။ ပါးပါး မွေးပေးပါနော်။
သမီးရဲ့ ပြောစကားတွေကြောင့် ကျိုးချန် မျက်နှာပျက်သွားသလို ကျန်တဲ့သူတွေမှာလည်း မျက်နှာမကောင်း ဖြစ်သွားကြသည်။
ဟိုက်ခွမ်း - ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့ သမီးရယ်။ အခုလောလောဆယ် ပါးပါး က အလုပ်တွေ မအားသေးဘူးရယ်။ နောက်မှ ပါးပါး ကို အလုပ်က နားခိုင်းပြီး သမီးအတွက် ညီမလေး မွေးခိုင်းမယ်နော်။
- ဟုတ်ကဲ့ပါ Daddy!!
ထမင်းစားသောက်ပြီး နောက် ကိုယ့်အခန်း ကိုယ်ဆီတာ တတ်လာခဲ့ကြသည်။
ကျိုးချန် ခုတင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီးနောက် မျက်နှာကိုပါ လက်ဖဝါးနဲ့ ပွတ်သပ်လိုက်မိသည်။
ဟိုက်ခွမ်း - အားချန် ကလေး
ကျိုးချန် - ဗျာ!
ပြန်ပြီလက်ထပ်ခဲ့တဲ့ ၂နှစ်အတွင်း သူတို့ရဲ့ အိမ်ထောင်ရေးက နားလည်မှု အပြည့်အဝ ကို ရှိခဲ့သည်။
မျက်နှာမငယ်အောင် ထားပေးမယ်ဆိုတဲ့ ကတိကိုလည်း ဟိုက်ခွမ်းက တည်ခဲ့သည်။ အခုထိ သူနဲ့ သမီး ပတ်၀န်းကျင်မှာ မျက်နှာမငယ်ရကိုပဲ ကြည့်!!
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...