စားသောက်ဆိုင်ထဲ ရောက်တော့ ကျိုးချန် အကြိုက်တွေ မှာပေးနေသော ဟိုက်ခွမ်း ကို ကျိုးချန် မျက်တောင်မခတ်တိုင်း ကြည့်နေမိသည်။
ဒီအခြေအနေကြီးက ဘာကြီးလဲ။ အစ်ကိုတစ်ယောက်က ညီတစ်ယောက်ကို ဂရုစိုက်နေသလိုမဟုတ်ပဲ ဟိုးအရင်ချစ်သူဘ၀တုန်းက ဂရုစိုက်ခဲ့တဲ့ ပုံမျိုး
ငါဘာတွေတွေးနေတာလဲ။ ငါတို့က ညီအစ်ကိုတွေ။ ဒါပေမယ့် သူက ဘာလို့ သမီးရှိနေတာကို သိနေတာလဲ။ မဟုတ်မှ သမီး ကို သူလိုချင်လို့လား။ အင့်ဟင်း မပေးနိုင်ဘူးနော်။ သမီးက ကိုယ့်ဘ၀ရဲ့ မရှိမဖြစ်လေး။
ကျိုးချန် - ဒီကို ဘာလို့ ပြောင်းလာတာလဲ။
ဟိုက်ခွမ်း - အမှန်တရားတွေကိုလာပြောပြတာ။
ကျိုးချန် - အမှန်တရား!! ဘာအမှန်တရားလဲ
ဟိုက်ခွမ်း - ကိုယ်က ပါးရဲ့ သားအရင်းမဟုတ်ဘူး။
ကျိုးချန် - ......
ဟိုက်ခွမ်း - ရီဖန်း နဲ့ မင်္ဂလာမဆောင်ခင်မှာ ကိုယ်သိလိုက်ရတာ။ ကိုယ်က ပါးရဲ့ သားအရင်းမဟုတ်မှန်း ပါး က အစောကြီးကတည်းက သိခဲ့တာ။
ဟိုက်ခွမ်း ပြောသမျှ ကို အံ့သြတကြီး နားထောင်နေသော ကျိုးချန်!
ဟိုက်ခွမ်း - ပါး က အဖြစ်မှန်တွေ ဘာလို့ မပြောချင်လဲဆိုတော့ သူသိပ်ချစ်ရတဲ့ သားငယ်လေးကို သူကာကွယ်ပေးချင်လို့ပဲ။ အားချန် မင်း သိလား။ ပါး ကလေ တစ်လ တစ်ခါ အသစ်ထွက်တတ်တဲ့ Brand ပေါင်းစုံကို မင်းအတွက်ဆိုပြီး ၀ယ်ထားပေးတယ်။ ပြီးတော့ မင်း ဆွဲထားတဲ့ အိမ်ပုံစံ ဒီဇိုင်း အတိုင်း ပါး က ဆောက်လုပ်ပေးထားခဲ့တယ်။
ကျိုးချန် - ကျွန်တော့်ကို ဒီအကြောင်းတွေ ဘာလို့ လာပြောရတာလဲ။ အဲ့လိုလေး လုပ်ပေးလို့ ကျွန်တော်တို့ သားအမိက အဲ့လူကို ခွင့်လွှတ်ရမှာလား။
ဟိုက်ခွမ်း - အားချန် တို့ ခွင့်မလွှတ်ချင်လည်း ရပါတယ်။ ပါး က လူ့လောက မှာ မရှိတော့ဘူး။
ကျိုးချန် - .........
ဝိတ်တာလေးက စားစရာတွေ လာချတာမို့ စကားစက ရပ်တန့်သွားသည်။ ဝီတ်တာလေး ထွက်သွားပြီး မကြာ ချန်ရီ ပါ ရောက်လာခဲ့သည်။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanficZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...