- အန်တီ Dr.ဆီ လာတာလား။
- ဟုတ်တယ် ရီဖန်း။ အဲ့ကောင်လေး အိမ်ကို ရောက်မလာဘူး။ ဟိုပြဿနာ ဖြစ်ပြီးကတည်းက
- ဒါပေမယ့် အခု Dr.ရှိမှာမဟုတ်ဘူး။ Dr.ကျိုးချန် နေမကောင်းလို့ ပွေ့ချီပြီး အဆောင် ပြန်သွားခဲ့တယ်။
- ဘာ ဘာ!!! ဒီလာက် လူတွေ အများကြီးရှိနေတဲ့ နေရာမှာလေ။
- ဟုတ်တယ် အန်တီ။
- တောက်စ်!!! မဖြစ်သေးပါဘူး။ သူ့အဆောင် လိုက်သွားကြည့်ရအောင်။
ရီဖန်း ကိုခေါ်ကာ ဟိုက်ခွမ်း တို့နေတဲ့ အဆောင်ဘက် ထွက်လာခဲ့သည်။
ဟိုက်ခွမ်း အဆောင်ရှေ့ ရောက်တော့ တံခါးခေါက်ပေမယ့် လာဖွင့်ပေးသူမရှိ။ ကျိုးချန် အခန်းတံခါးကိုခေါက်တော့လည်း ဘာအသံမှ မကြားရ
- သူတို့ မရှိကြတာလား။
ညနေစောင်းတဲ့ အထိ စောင့်နေပြီးမှ အရိပ်အယောင် မတွေ့သောကြောင့် ဖုန်းဆက်ကြည့်တော့ စက်ပိတ်ထားတယ်နဲ့ တိုးနေသည်။
- ဘာကိစ္စ ဖုန်းပိတ်ထားရတာတုန်း။
ဒေါသတကြီးဖြင့် ဟိုက်ခွမ်းတို့ အခန်းရှေ့မှ ထွက်လာခဲ့လိုက်သည်။
🍋🍋🍋🍋🍋🍋🍋🍋🍋
ကျိုးချန် - အ့ ကျွတ် ကျွတ်!!ဇာတ်ပိုးကို လက်နဲ့အုပ်ကိုင်ကာ ပါးစပ်မှလည်း စုပ်သက်သက်ဖြင့် အိပ်ယာမှ ထလာသော ကျိုးချန်
ကျိုးချန် - ငါ ဘယ်ရောက်နေတာလဲ!
ဘေးပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်တော့ သူမရင်းနှီးသော နေရာတစ်ခု။ ခေါင်းကို အျင်အမြန အလုပ်ပေး စဥ်းစားကြည့်လိုက်တော့ သူနဲ့ ကိုကို သန့်စင်ခန်း မှာ ရန်ဖြစ်ကြရာမှ ကိုကို က သူ့ရဲ့ ဇာတ်ပိုးကို ရိုက်ချပစ်တာ။
*မဟုတ်မှ ကိုကို က ခိုးပြေးလာတာလား။* အတွေးနဲ့ ခေါင်းတရမ်းရမ်း ဖြစ်နေတုန်း အခန်းတံခါး ဖွင့်သံကြားလို့ လှမ်းကြည့်လိုက်မိသည်။
အခန်းတံခါးဖွင့်ကာ ၀င်လာသော သူမှာလည်း ခုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေသော ကောင်လေး နား ခြေလှမ်းကြဲကြီးတွေနဲ့ လှမ်းသွားလိုက်ပြီး
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...