- Dr.လျှို က မိဘမဲ့ မဟုတ်ဘူးလား။
- မသိဘူး။ အခုက Dr.လျှို ရဲ့ မားမားလို့ ပြောတာပဲ။
- ထူးဆန်းတယ်။ ကိုယ်ရေးအကျဥ်းမှာတောင် မိဘနှစ်ပါးလုံး မရှိဆိုပြီး ရေးထားတာ ဘယ်က အမေ က ပေါ်လာတာလဲ။
- မွေးစားအမေလား
ကျိုးချန် - ဘာတွေ ပြောနေကြတာလဲ။
ဒီနေ့ ဟိုက်ခွမ်း က မနက်အစော ခွဲခန်း၀င်စရာ ရှိလို့ မနက် ၆နာရီကတည်းက ဆေးရုံရောက်နေတာ ဖြစ်သည်။ ကျိုးချန် ကတော့ ၉နာရီခွဲမှ ဆေးရုံကို ရောက်လာခဲ့သည်။ အကြောင်းမှာ အိပ်ယာထ နောက်ကျနေသော ကြောင့် ဖြစ်သည်။
- အာ Dr.ကျိုးချန် လာပြီလား။
ကျိုးချန် - အင်း ဘာဖြစ်နေတာလဲ။
- Dr.လျှို မှာ မိဘတွေ ရှိတာ Dr.ကျိုးချန် သိလား။
ကျိုးချန် - ဟင် ကိုကို က မိဘမဲ့ မဟုတ်ဘူးလား။
- လျှိုဟိုက်ခွမ်း!!! မင်း ဘာအချိုး ချိုးနေတာလဲ ဟမ်။
ကျိုးချန် မျက်လုံးပြူးစွာ မေးခွန်းမေးလာသူတွေကို ပြန်မေးလိုက်တော့ တစ်ဖက်ကလည်း အံ့သြစွာ ပြန်ကြည့်လာသည်။ သူတို့အားလုံး ဘာမှ မပြောနိုင် ဖြစ်နေကြတုန်း ဟိုက်ခွမ်းရဲ့ ရုံးခန်းအတွင်းမှ ကျယ်လောင်သော အသံတွေ ထွက်ပေါ်လာသည်။
ဟိုက်ခွမ်း - ဒါက ဆေးရုံ!! စကားပြောတာ ဆင်ခြင်ပေးပါ။
- မင်း အခု တွဲနေတဲ့ ကောင်လေး နဲ့ အဆက်ဖြတ်ရင် ဖြတ် မဖြတ်ရင် ငါ့အကြောင်း သိစေရမယ်။
ဟိုက်ခွမ်း - သူ့ကို ထိခိုက်အောင် လုပ်ရင် ကျွန်တော် ကလည်း အားနာမှာ မဟုတ်ဘူး။
- ဘာ!!!
ဟိုက်ခွမ်း - ကျွန်တော် Round လှည့်ရမှာမို့ ပြန်တော့။
- ညနေ အိမ်မှာ ထမင်းလာစား။
လီဝေယန်း စားပွဲခုံမှာ တင်ထားသော မိချောင်းသားရေနဲ့ ချုပ်လုပ်ထားသော Branded အိတ်ကို လက်မှာ ချိတ်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
ထိုအမျိုးသမီး ထွက်သွားမှ ကျိုးချန် ဟိုက်ခွမ်း ရှိရာ ကို အမြန်ပြေးသွားလိုက်သည်။ သူ သိချင်တာတွေ အများကြီး ရှိနေပြီမို့
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanficZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...