ကျိုးချန် - ဘာတွေလဲ ဘာတွေလဲ ဗျာ!!
- သားငယ် စိတ်လျှော့။
- မား ပြောပြီးပြီနော် သားငယ်။ ဟိုက်ခွမ်း နဲ့ မင်း ရှေ့ဆက်မတိုးသင့်ဘူး။
ကျိုးချန် - မား တို့ပဲ အစကက သဘောတူထားပြီးတော့။
- အဲ့တုန်းက သဘောတူခဲ့တာ သူမိဘတွေက အဲ့လူတွေမှန်း မသိလို့လေ။
ကျိုးချန် - ဒါဆို ပြောပြ။ ကိုကို့ မိဘတွေနဲ့ မား နဲ့ ဘယ်လိုပတ်သက်ခဲ့တာလဲ။ အကြောင်းအရင်း ခိုင်လုံစွာ ပြောပြရင် သားလက်ခံပေးမယ်။
- သူရဲ့ အဖေ နဲ့ မား က...
ကျိုးချန် - ဆက်ပြောလေ မားရဲ့။
- သားငယ်ရယ် မား တောင်းပန်ပါတယ် အဲ့အကြောင်းတွေ မပြောပါရစေနဲ့။ မား အော့နှလုံး နာလို့ပါ သားငယ်ရယ် မား မပြောပါရစေနဲ့။
လက်အုပ်ချီကာ တောင်းဆိုလာသော မားကြောင့် ကျိုးချန် လည်း ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး သူ့မားကို ဖက်ကာ ငိုတော့သည်။
ဆေးရုံခုတင်ပေါ်မှာ ဆေးအရှိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မားကို ကြည့်ပြီး ကျိုးချန် ငိုမိပြန်သည်။
- သားငယ်
ကျိုးချန် - ပါး!! ပါး သိလားဟင် မား နဲ့ ကိုကို့ မိဘတွေ ရဲ့ ပြဿနာအကြောင်း။
- သိတာပေါ့။ သားမား ရဲ့ သူငယ်ချင်းက ဟိုက်ခွမ်း အဖေ ရဲ့ မိန်းမဖြစ်ခဲ့ဖူးတယ်။
ကျိုးချန် - ဟင်
- အဲ့အမျိုးသမီးလေးက လျှိုချင်းကော ကို အရမ်းချစ်တာ။ လျှိုချင်းကော က သူ့ချစ်သူ လီဝေယန်း ကိုတာ ချစ်ခဲ့တာ။ လီဝေယန်း နဲ့ သူ လမ်းခွဲပြီးတော့ ၂နှစ်လောက်ကြာတော့ အဲ့အမျိုးသမီးလေးနဲ့ လျှိုချင်းကော ကို နှစ်ဖက်မိဘတွေက အိမ်ထောင်ချပေးလိုက်တယ်။
၀မ်ကျားလော့မှာ ယွဲ့အာရဲ့ လက်လေးကို တင်းတင်းဆုပ်ကိုင်ပြီး စကားကို ဆက်ပြောလိုက်သည်။
- အိမ်ထောင်သက်ကြာလာရင် လျှိုချင်းကော က သူ့ကို ချစ်လာမယ်လို့ ထင်နေခဲ့တာ။ အိမ်ထောင်သက် ၅နှစ်ကြာတော့ လျှိုချင်းကော နဲ့ လီဝေယန်း ပြန်တွေ့ကြပြီး ဖောက်ပြန်ကြတယ်။ လျှိုဟိုက်ခွမ်း ကို မွေးပြီး မကြာခင်မှာ အဲ့အမျိုးသမီးလေးမှာ ကိုယ်၀န်ရလာခဲ့တယ်။ ဘယ်သူထင်မှာလဲ လီဝေယန်းက အဲ့အမျိုးသမီးလေးနဲ့ သူ့ကလေးကို သတ်ဖို့အထိ လုပ်ခဲ့တာကို။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanficZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...