-Dr.၀မ်ကျိုးချန် က ဘယ်ဇာတိလဲ။
ကျိုးချန် - ကျွန်တော်က စီချွမ် ကပါ။
- အော် စီချွမ် ကလူတွေက အစပ်အရမ်းစားကြတယ်။ စီချွမ် ဟော့ပေါ့က အရမ်းအမည်ကြီးတယ်။
ကျိုးချန် - ကျွန်တော်ကတော့ အစပ်မစားနိုင်ဘူးဗျာ့။
ပြုံးပြုံးလေးနဲ့ ယဉ်ယဉ်ကျေးကျေး ပြောနေသော ကျိုးချန် ကို အားလုံးက သဘောတကျရှိလှသည်။
- Dr. နောက်ဆို တစ်ဌာနတည်း အလုပ်လုပ်ကြမဲ့ သူတွေကို အဲ့လောက်ထိ အရမ်း မယဉ်ကျေးပါနဲ့ဗျာ။ လွတ်လွတ်လပ်လပ် နေပါ။
ကျိုးချန် - အာ ဟုတ်ကဲ့
ဟိုက်ခွမ်း - စကားတွေ လျှော့ပြောကြပြီး စားကြတော့ ရော့ မင်းအတွက် အသားကင်
ကျန်သူတွေကို အနည်းငယ်မာန်လိုက်ပြီး အကင်အိုးပေါ်မှ အသားကင်တွေကို သေချာညှပ်ယူပြီး ပန်းကန်ပြားထဲ ထည့်ကာ ကျိုးချန် ရှေ့ ချပေးလိုက်သည်။
ကျိုးချန် - အားနာစရာကြီး Dr. ဘာသာ စားပါ။
ဟိုက်ခွမ်း - ကိုယ် ဒီလိုအကင်တွေ မစားဘူး။ မင်းတာ ၀အောင်စား။ အဲ့တာမှ ကိုယ်တို့ဌာနမှာ အလုပ်ကောင်းကောင်း လုပ်နိုင်မှာ။
ကျိုးချန် - ကျေးဇူးပါဗျာ့!!
ဘာမှ ဆက်မပြောတော့ပဲ ကျိုးချန် ကျန်သူတွေနဲ့ အကင်စားလိုက် ဘီယာ သောက်လိုက်ဖြင့် သာယာနေသည်။
အချိန်ကလည်းအတော်အတန် လင့်လာပြီ မူးပြီး မှောက်နေကြတဲ့ လူတွေကလည်း မှောက်နေကြပြီ မို့ ပြန်ဖို့ ပြင်ရတော့မည်။
ဟိုက်ခွမ်း - မင်းတို့ အဆင်ပြေရဲ့လား။
- ပြေပါတယ် ခေါင်းဆောင်။
ဟိုက်ခွမ်း - အင်း သေချာပြန်ကြ။ ကိုယ် သူ့ကို ခေါ်သွားလိုက်မယ်။ စိတ်ချမယ်နော်။
- စိတ်သာချပါ ခေါင်းဆောင်။
မူးနေသော ကျိုးချန် ကို မနည်းထိန်းကာ ကားပေါ်တင်လိုက်သည်။ ခါးပတ်ကို သေချာပတ်ပေးပြီးနောက် မောင်းသူနေရာကို ၀င်ထိုင်ကာ ဆေးရုံက ပေးထားသော အဆောင်ဘက်ကို ဉီးတည်လိုက်တော့သည်။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
Fiksi PenggemarZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...