ဟိုက်ခွမ်း - အားချန် ကိုယ်တို့ ညစာကို အပြင်မှာစားကြရအောင်။
ကျိုးချန် - ၀မ်း က ထမင်းစားစောင့်နေမှာ။
ဟိုက်ခွမ်း - ကိုယ် သမီးကို ပြောခဲ့ပြီးပြီ။ ပါးပါး နဲ့ အတူ Date လုပ်မလို့ဆိုပြီး။ သမီးကတောင် ပျော်ပျော်ကြီး Date ခဲ့ပါတဲ့။
ကျိုးချန် - ကျွန်တော်ရေချိုးချင်သေးတယ်။ ခွဲခန်းထဲက ထွက်လာမို့။
ဟိုက်ခွမ်း - အားချန် ဘာလို့ ဆင်ခြေဆင်လက်တွေ ပေးနေတာလဲ။ အရင်ကလည်း ခွဲခန်းက ထွက်ထွက်ချင်း ကိုယ်တို့ အဆောင်မပြန်ကြပဲ လျှောက်လည်ခဲ့ကြသေးတာပဲ။ ဘာလဲ မင်း ကိုယ့်အပေါ် အချစ်မရှိတော့တာလား။
စတီယာရင်ကို ရိုက်ချကာ ဒေါသတကြီး အော်ချလာသော သူကို ကျိုးချန် အံ့သြတကြီး လှည့်ကြည့်မိသည်။
💜ဘယ်လိုတောင် ထင်ရက်ရတာလဲ ကိုကို။ ကျွန်တော်တာ ကိုကို့ ကို အချစ်လျှော့ခဲ့ရင် အခုထိတောင် မစောင့်ဘူး။💜
ကျိုးချန် - ခင်ဗျား ဘာလို့ အခုလိုပြောရတာလဲ။ ကျွန်တော် ဘ၀တစ်ခုလုံး ငရဲတွင်းထဲ ကျခံခဲ့ရပြီးမှ ခင်ဗျား ကလေးကို မွေးဖွားခဲ့ရတာ။ ခင်ဗျားမို့ ခင်ဗျားမို့
ဝဲတတ်လာသော မျက်ရည်တွေကို မျက်တောင်နဲ့ ပုတ်ခတ်သိမ်းဆည်းလိုက်ပြီး တစ်ဖက်သို့ မျက်နှာလွှဲလိုက်မိသည်။
ဟိုက်ခွမ်း ကားကို လမ်းဘေး ကပ်ရပ်လိုက်ပြီး ခါးပတ်ကို ဖြုတ်ကာ ကျိုးချန် ကို နောက်ကနေမှသိုင်းဖက်လိုက်သည်။
ဟိုက်ခွမ်း - ကိုယ်တောင်းပန်ပါတယ်။ ကိုယ် အားချန် ခံစားချက်တွေကို မသိပဲ ပြောချင်ရာ ပြောမိတဲ့ အတွက် တောင်းပန်ပါတယ်။
ကျိုးချန် - ကျွန်တော် ပင်ပန်းနေပြီ။ ကျွန်တော် စိတ်ရော လူရော အရမ်းပင်ပန်းနေပြီ။ ကျွန်တော် အိမ်ပြန်ချင်တယ်။
ဟိုက်ခွမ်း - အင်း အင်း ကိုယ် အိမ်ပဲ ပြန်ပို့ပေးမယ်နော်။
နဖူးထက် အနမ်းတစ်ပွင့်ခြွေချလိုက်ပြီး ကားစက်ပြန်နှိုးတာ အိမ်ကိုသာ ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ထမင်းစားဖို့ ပြင်နေကြသော လူတွေမှာ သူတို့နှစ်ယောက်ကို တွေ့တော့
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...