ကျိုးချန် - Dr.ယွီပင်း ကုတင်နံပါတ် ၂၃ က လူနာက မနက်ဖြန် ဆေးရုံက ဆင်းလို့ရမလားလို့ ကျွန်တော့်ကို လာမေးနေတယ်။
- အိုး အဲ့လူနာက တအားပြောရဆိုရခက်တာပဲ။ ချုပ်ရိုးတွေက မနေ့ကမှ ပြန်ချုပ်ပေးထားတာကို
ကျိုးချန် - လူနာက ဆေးဖိုးမတတ်နိုင်လို့လား။
- အင်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀တွေ။ အခုလို သူပြုတ်ကျတာတောင် သူရဲ့ အလုပ်ရှင်က တစ်ခေါက်တောင် လာမကြည့်ဘူး။
ကျိုးချန် - ဒါဆို ကျွန်တော် သူရဲ့ဆေးဖိုးဝါးခတွေ အကုန် တာ၀န်ယူချင်တယ်။
- တကယ်လား
ကျိုးချန် - အင်း Dr.က ပြောပေးပါအုံး။ ကျွန်တော်ခွဲခန်း၀င်ရမှာမို့။ သွားပြီနော်
လှစ်ခနဲ နားနေခန်းထဲမှ ပြေးထွက်သွားသော ကျိုးချန် နဲ့ အခုမှ နားနေခန်းထဲ ၀င်လာသော ဟိုက်ခွမ်း တို့ကို အခန်းတွင်းရှိ လူတွေမှာ အံ့သြစွာ ကြည့်နေကြသည်။
- သူတို့ရန်ဖြစ်ထားကြတာလား။
- မသိဘူး။ ၂ရက်ရှိပြီနော်။
အချင်းချင်းတီးတိုးပြောနေကြသော ဆရာ၀န်တွေကို လျစ်လျူရှုကာ ကိုယ့်အခန်းထဲကိုတာ ၀င်လာလိုက်သည်။
📞အဲ့တော့ ငါ့ညီက မင်းကိုရှောင်နေတာပေါ့📞
📞အေး ငါ့ကို ဘာစိတ်ခုနေမှန်းမသိဘူး။ ငါ့ကို ပလစ်ထားတယ်။ ဖုန်းခေါ်လည်း မကိုင်ဘူး။📞
📞ကျိုးကျိုး က တစ်ခုခု ကို စိတ်ခုရင် အနည်းဆုံး ၃ရက်ကြာတယ်။ အဲ့တော့ နောက်တစ်ရက်လောက် စောင့်ကြည့်လိုက်ပါအုံး။ သူဘက်က ပြန်လာခေါ်လိမ့်မယ်။📞
📞အမ် မနက်ဖြန်ထိ မစောင့်နိုင်ဘူး။ ဒီညပဲ ပြန်ပြေလည်အောင် လုပ်ရမယ်။ မဟုတ်ရင် ငါ ရူးသွားလိမ့်မယ်ဟ📞
📞ဟေ့ ဟေ့ ကိုယ့်လူ ရူးတော့ မရူးပါနဲ့ကွာ။ အဆင်ပြေသွားမှာပါ။ ခနလောက် လွှတ်ထားလိုက်📞
📞အင်းပါ။ မင်းရော အဆင်ပြေရဲ့လား အဲ့မှာ📞
📞ပြေတယ် စာတွေများတာ တစ်ခုပဲ။📞
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...